သင်က ပန်းပုံစံ Tattoo သေးသေးလေးတွေ ထိုးဖို့ စဉ်းစားထားရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီအကြောင်းအရာထဲမှာ ပန်းပွင့် Tattoo ပုံစံတွေနဲ့ ဒီ ပန်းပွင့် Tattoo တွေရဲ့ အဓိပ္ပာယ်တွေကို ဖော်ပြသွားပါမယ်။

သင့်ရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်နဲ့ ဆင်တူတဲ့၊ သင့်ကို ကိုယ်စားပြုတဲ့ ပန်းလေးတွေက ပိုထိုးရကျိုးနပ်နိုင်ပါတယ်။ ဒီပန်းလေးတွေရဲ့ ပုံစံ၊ အဓိပ္ပာယ် အလို​က် သင်က ဘယ်လိုလူမျိုးလဲ အမြဲအမှတ်ရနေဖို့ ပန်းပွင့် Tattoo တစ်ခုစီရဲ့ အဓိပ္ပာယ်ကို ကြည့်လိုက်ရအောင်-

​ကြာပန်း

ကြာပန်း Tattoo ရဲ့ အဓိပ္ပာယ်ကတော့ တည်ငြိမ်ခြင်း ဖြစ်ပြီး တည်ငြိမ်တဲ့ ကောင်မလေးတွေ ထိုးနိုင်ပါတယ်။

နှင်းဆီပန်း

နှင်းဆီပန်း Tattoo ကတော့ စိတ်ကူးယဉ်ဆန်သူ ၊ Romance ဆန်သူလို့ အဓိပ္ပာယ်ရပါတယ်။

Lily ပန်းကတော့ ဖြူစင်ခြင်း၊ ဖောက်ထွင်းမြင်နိုင်ခြင်းပါ။ သင်က ရိုးသားပြီး သင့်ရဲ့စိတ်ကို လူတွေက အလွယ်တကူဖတ်နိုင်ရင် Lily က သင့်အတွက်ပါ။

Red Spider Lily ကတော့ သေဆုံးခြင်းလို့ Dark Meaning ရပါတယ်။

Waterlily ကတော့ ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပာယ်ရှိပါတယ်။ ဘဝကို အသစ်တဖန် ပြန်စချင်သူတွေ ဒီအဓိပ္ပာယ်ကို နှစ်သက်မှာပါ။

ဒေစီပန်းကတော့ အပြစ်ကင်းစင်ပြီး Innocent ဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

Cherry Blossom ကတော့ သေဆုံးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

Dandelion ပန်းကတော့ ပြန်လည်ကုသပေးနိုင်ခြင်း Healing အစွမ်းရှိပါတယ်။

နေကြာပန်းက အကောင်းမြင်စိတ်ရှိခြင်းလို့ အဓိပ္ပာယ်ရှိပါတယ်။

ဂန္ဓမာပန်းရဲ့ အဓိပ္ပာယ်က ပျော်ရွှင်ခြင်းပါ။

သစ်ခွပန်းက ညှို့ဓာတ်ပြင်းခြင်း၊ ဆွဲဆောင်နိုင်ခြင်းလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

Daffodil တက်တူးက ပကာသနများခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

Poppy ပန်းကို အထိမ်းအမှတ်၊ အမှတ်တရလို့ ခေါ်ဆိုနိုင်ပါတယ်။

ဇော်မွှားပန်း Tattoo က ဖြူစင်တဲ့အချစ်လို့ အဓိပ္ပာယ်ရပါတယ်။

Tulip ပန်း တက်တူးကတော့ “Love of Life” လို့ အဓိပ္ပာယ်ရပြီး စုံတွဲတွေနဲ့ သင့်တော်မှာပါ။

Wildflower လေးတွေကတော့ ခွန်အားရှိခြင်းလို့ အဓိပ္ပာယ်ပေးနိုင်ပါတယ်။

သင်ကြိုက်တဲ့ ပန်းပွင့်ပုံစံ Tattoo ကို ရွေးနိုင်သလို သင်ကြိုက်တဲ့ အဓိပ္ပာယ်ကို ရွေးချယ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar