အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အင်စတာဂရမ်မှာ နာမည်ကျော်ပြီးလူကြိုက်များသလို မိန်းကလေးတိုင်း နှစ်သက်တဲ့ မိတ်ကပ်လိမ်းချယ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ ပန်းပွင့်လေးတွေနဲ့တူတဲ့ မိန်းကလေးတွေအတွက် ပိုပြီး နူးညံ့ပြီး ဆွဲဆောင်မှုရှိသွားမယ့် မိတ်ကပ်ပုံစံလေးတွေဖြစ်ပါတယ်နော်။

နာမည်ကျော်မိတ်ကပ် Blogger တစ်ဦးဖြစ်တဲ့ Pony က အဲဒီမိတ်ကပ်ပုံစံလေးကို ပြင်ပြထားပါတယ်။

အရမ်းလှတဲ့ မိတ်ကပ် Look လေးမို့ စာဖတ်သူတို့အတွက်လည်း ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်နော်။

မိတ်ကပ်မလိမ်းခင် လုပ်ရမယ့် Moisturizer လိမ်းတာ၊ Primer လိမ်းတာမျိုးလုပ်ပြီးရင် ဖောင်ဒေးရှင်း လိမ်းလိုက်ပါ။

ပြီးရင်တော့ Concealer နဲ့ မျက်လုံးအောက်၊ နှာတံကြား၊ နှုတ်ခမ်းအနားသတ် စတဲ့ အသားအရေမညီတဲ့နေရာတွေမှာ လိမ်းပေးလိုက်ပါ။

ပြီးရင် Loose Powder ကို လိမ်းပေးရမှာဖြစ်ပါတယ်။

အဲဒီနောက် မျက်ခုံးမွှေးဆွဲလိုက်ပြီး နှာတံဖော်ပေးလိုက်ပါ။

ပြီးရင် အညိုရောင် Eyeshadow ကို Base အနေနဲ့ လိမ်းပေးလိုက်ပါ။

အဲဒီနောက် ခရမ်းရောင်ကိုလိမ်းပေးလိုက်ပါ။

ပြီးရင်တော့ မျက်လုံးအတွင်းဖက်အထိ Eyeliner ဆွဲပေးလိုက်ပါ။

မျက်တောင်ကော့လိုက်ပြီး မျက်တောင်အတုတပ်ပေးလိုက်ပါ။

ပြီးရင် Mascara နဲ့ ထပ်ကော့ပေးပါ။

ပါးနီလေးဆိုးပေးလိုက်ပြီး နှုတ်ခမ်းနီဆိုးပါမယ်။

အတွင်းဖက်ရဲပြီးအပြင်ဖက်ကို ခပ်စိုစိုလေးနဲ့ လှနေတဲ့ပုံစံမျိုးဆိုးပေးလိုက်ပါနော်။

ဒါဆိုရင်ရပါပြီ။

Source: Pony Syndrome

By: MyStyle Myanmar