အိမ်ကခွင့်မပြုလို့ တက်တူးထိုးချင်ပေမယ့်လည်း အိမ်ကဆူမှာကြောက်တယ်ဆို  ချစ်စရာကောင်းပြီး လှပတဲ့ ပန်းပုံတက်တူးလေးတွေထိုးကြည့်ဖိုအကြံပေးချင်ပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင် တက်တူးကြီးကြီးမားမားတွေထက် တက်တူးသေးသေးလေးတွေက ပိုသင့်တော်ပါတယ်။

ပန်းပုံတက်တူးလေးတွေက ခန္ဓာကိုယ်ပေါ်မှာ ထိုးထားလို့ထိုးမှန်းတောင် သိပ်ပြီးမသိသာပါဘူးနော်။ ကိုယ်ကအသက်တွေမကြီးခင် တစ်ခုလောက်တော့ထိုးသင့်ပါတယ်။

မထိုးခင်မှာလည်း ကိုယ်ထိုးမဲ့ပုံကိုသေချာစဉ်းစားပြီးမှ ထိုးစေချင်ပါတယ်။ ကိုယ်က ပန်းချစ်သူလည်းဖြစ်တယ်၊ ဒီဇိုင်းလှတာလေး သိပ်မကြီးတာလေးမှ ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းလေးတွေထဲက ရွေးချယ်နိုင်ပါတယ်။

Image Source: mamasuncut.com/ Pinterest