မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ ပန်းချစ်သူလေးတွေရှိကြလား။ ပန်းလေးတွေက နူးညံ့ပြီး ကဗျာဆန်တာကြောင့် မိန်းကလေးတွေအတွက်ဆိုရင် ပိုပြီးမိန်းမဆန်တဲ့အသွင်အပြင်ကို ရစေပါတယ်။ လက်သည်းနီ ဒီဇိုင်းရွေးတဲ့အခါမှာဆိုရင်လည်း ပန်းပုံလေးတွေက လက်သည်းအရှည်၊ အတိုမရွေး လိုက်ဖက်မယ့်အပြင် လက်ချောင်းလေးတွေပိုလင်းပြီး အသားဆောင်စေမှာပါ။ သင်က ပန်းပုံလေးတွေပါတဲ့ လက်သည်းဒီဇိုင်းဆန်းလေးတွေဆိုးချင်တယ် ဒါပေမယ့် ဘယ်လိုပုံဖော်ရမလဲ စဉ်းစားရခက်နေရင်တော့ ထပ်ပြီးခေါင်းစားဖို့မလိုတော့ပါဘူးနော်။

ဒီတစ်ခေါက်မှာ ပန်းကြိုက်တဲ့ ပျိုမေတို့အတွက် အသက်အရွယ်မရွေးလိုက်ဖက်ပြီး အမြင်လည်းအေးစေမယ့် ပန်းဒီဇိုင်း လက်သည်းနီ Idea လေးတွေကို စုစည်းဖော်ပြပေးသွားမှာပါ။ အရောင်စိုပြီး အရမ်းလှတဲ့ ဒီဇိုင်းလေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar