မိတ်ကပ်ပြင်ဆင်လိမ်းခြယ်တဲ့အခါ ‌ကြွေရုပ်ကလေးလို လှပနေစေဖို့အတွက် နှုတ်ခမ်းနီကလည်း အဓိကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပဲ့ ဖြစ်ပါတယ်နော်။ ဒါမှ ပြီးပြည့်စုံတဲ့ ကြော့ရှင်းလှပတဲ့မိတ်ကပ် Look လေးကို ပိုင်ဆိုင်ရရှိနိုင်မှာပဲ့ဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မျက်ခုံးမွှေး ဆွဲထားတာလည်း လှပါရဲ့နဲ့ မိတ်ကပ်လိမ်းတာရော အိုင်းရှဲဒိုး ခြယ်တာရော လိုင်နာဆွဲတာရော အကုန်လုံးလှနေပြီးမှ နှုတ်ခမ်းနီ မဆိုးထားရင်တော့ နှုတ်ခမ်းက ဖြူဖတ်ဖြူရော်ဖြစ်ပြီး ဆွဲဆောင်မှုမရှိသလိုပုံပေါက်စေတာမျိုးတွေ ဒါမှမဟုတ် နှုတ်ခမ်းနီဆိုးထားတာက နည်းစနစ်မကျတဲ့အခါမှာလည်း လိမ်းခြယ်ပြင်ဆင်ထားသမျှက အကုန်အချည်းနှီးဖြစ်သွားတတ်ပါတယ်နော်။

ဒါကြောင့် နှုတ်ခမ်းပုံသဏ္ဍာန်အမျိုးအစားအလိုက် လှပသေသပ်ပြီး ဆွဲဆောင်မှုရှိစေတဲ့ နှုတ်ခမ်းသားတစ်စုံရရှိစေဖို့ ဘယ်လို Proကျကျ နှုတ်ခမ်းနီဆိုးရမလဲဆိုတာကို ဝေမျှပေးလိုက်တယ်။

အပေါ်နှုတ်ခမ်းထူသူများ

အရင်ဆုံး နှုတ်ခမ်းဘောင်ကွပ်တဲ့ ခဲတံလေးနဲ့ နှုတ်ခမ်းရဲ့ အလယ်ဗဟိုကနေ ဘေးဘက်ဆီသို့ ဘောင်ကွတ်လိုက်ပါ။ လိုင်းဖော်ပြီး ဘောင်ကွတ်ပြီးပြီဆိုမှ နှုတ်ခမ်းအတွင်းသားကို နှုတ်ခမ်းနီဆိုးပေးလိုက်ပါ။

မတူတဲ့အရောင်ကို စပ်ဆိုးချင်တယ်ဆိုရင် အောက်နှုတ်ခမ်းကို အရောင်တောက်တောက်ရွေးပြီး ထိုအရောင်တောက်တောက်အပေါ်မှာ အရောင်ရင့် နှုတ်ခမ်းနီထပ်လိုက်ပြီး နှုတ်ခမ်းနှစ်ခုကို ဖိကပ်ပြီး Blend လုပ်ပေးလိုက်ပါ။

အောက်နှုတ်ခမ်းထူသူများ

အောက်နှုတ်ခမ်းထူသူတွေက ဆွဲဆောင်မှုရှိတယ်လို့ ပြောစမှတ်ပြုချင်ပေမယ့် ကာယကံရှင်တွေကတော့ သူတို့ရဲ့ နှုတ်ခမ်းကို သဘောမကျကြပါဘူး။ မိမိကြိုက်ရာ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းနီ ဆိုးပြီးသွားတဲ့အခါ Nude Matte ခရင်မ်ပုံစံ အိုင်းရှဲဒိုးအရောင် (သို့) အဖြူရောင် ခဲတံဖြင့် အပေါ်နှုတ်ခမ်းရဲ့ အလယ်တည့်တည့်မှာ ထည့်လိုက်ပြီး Blend လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း အထူအပါးညီသွားပါလိမ့်မယ်။

နှုတ်ခမ်းပြားသူများ

နှုတ်ခမ်းက ဘေးဘက်သို့ အပြားလိုက် ပြန့်ကားနေတဲ့သူတွေကတော့ နှုတ်ခမ်းဘေးဘက်မှာ အရောင်ရင့် နှုတ်ခမ်းနီဆိုးပြီး အလယ်ဗဟိုတည့်တည့်မှာတော့ အရောင်တောက်တောက်လေးဆိုးပေးလိုက်ပါ။ ပြီးရင် နှုတ်ခမ်းတစ်ဝိုက် အရောင်ညှိပေးလိုက်ရင် ရပါပြီ။ တူညီတဲ့အရောင်တစ်မျိုးတည်းကိုပဲ ဆိုးချင်တယ်ဆိုရင်တော့ နှုတ်ခမ်းနီဆိုးပြီးသွားတဲ့အခါ အလက်လက်လေးတွေထည့်ပေးလိုက်ပါ။ ဒါမှ နှုတ်ခမ်းက ဖူးဖူးလုံးလုံးလေး ဖြစ်နေတဲ့ပုံစံပေါ်မှာပါ။

နှုတ်ခမ်းပါးသူများ

နှုတ်ခမ်းပါးတဲ့အတွက်ကြောင့် ခဲတံလေးနဲ့ နှုတ်ခမ်းဘောင် အရင်ကွတ်ပေးလိုက်ပါ။ အောက်နှုတ်ခမ်းကို အရောင်ရင့်လေးဆိုးပေးပြီး အပေါ်နှုတ်ခမ်းကိုတော့ အရောင်ဖျော့လေးဆိုးကာ အပေါ်အောက် အရောင်ညှိပေးလိုက်ပါ။

နှုတ်ခမ်းသေးသူများ

သူတို့ကကျတော့ နှုတ်ခမ်းပါးတာမျိုးမဟုတ်ဘဲ နှုတ်ခမ်းက သေးသေးလေးပဲရှိတဲ့သူတွေပါ။ နှုတ်ခမ်းသေးသူများက နှုတ်ခမ်းပိုသေးတဲ့ပုံပေါက်စေတဲ့ အရောင်ရင့်နှုတ်ခမ်းနီအသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမယ်။ အရောင်တောက်တောက် (သို့) အရောင်ဖျော့နှုတ်ခမ်းနီလေးတွေကို ရွေးချယ်ပေးပါ။ Lip Gloss လေးများ၊ အလက်လက်လေးများထည့်ကာ နှုတ်ခမ်းပြည့်ပြည့်ဖူးဖူးအသွင်ကို ရယူနိုင်ပါတယ်။

Source: stylecraze.com