ဗိုက်မှာရှိတဲ့အဆီတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အသည်းပြဿနာတွေလိုမျိုး အန္တရာယ်ရှိတဲ့ရောဂါတွေ ဖြစ်စေနိုင်သလို အဝတ်စားဝတ်ရင်လည်း ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကောင်းကျိုးမရှိတဲ့ ဗိုက်အဆီကျဖို့ ကူညီပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။ မလိုချင်တဲ့ ဗိုက်ကအဆီကျစေဖို့ ဒီယောဂကျင့်စဉ်တွေကို လိုက်လုပ်ကြည့်ပါ။

Halasana

အရင်ဆုံး ဖျာပေါ်မှာ လှဲလိုက်ပါ။ တံတောင်ဆစ်ကို လက်နဲ့ထောက်ထားပြီး ခြေချောင်းလေးတွေ နောက်ကမြေပြင်နဲ့ထိတဲ့အထိ ခေါင်းပေါ်ကနေ ဖြည်းဖြည်းချင်း‌ မြှောက်လိုက်ပါ။

Planks

တစ်ကိုယ်လုံးကို ထိတဲ့ Plank ကတော့ လူတိုင်းရင်းနှီးပြီးသား လေ့ကျင့်ခန်းတစ်ခုပါ။

Ustrasana

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကို တင်ပါးအကျယ်အတိုင်း ထောက်လိုက်ပါ။ နောက်ကျောကို ဖြည်းဖြည်းချင်း ကွေးပြီး လက်နဲ့ ခြေဖနောင့်ကို ဖိထားပါ။ လည်ပင်းကို လျှော့ပြီး အပေါ်ကို မော့ကြည့်လိုက်ပါ။ နည်းနည်းကြာအောင် ဖိထားပြီးမှ နဂိုပုံစံသို့ ပြန်သွားပါ။

Padahastasana

ခြေဖဝါး အကျယ်အတိုင်း မက်တပ်ရပ်ပြီး ကျောရိုးကို ဖြောင့်တန်းအောင်ထားပြီး ခါးကိုင်းချလိုက်ပါ။ လက်တွေကို ဆန့်ထုတ်တာ ဒါမှမဟုတ် ခြေကျင်းဝတ်ကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပါ။ ဒီပုံစံအတိုင်း အသက်မရှုဘဲ ခနလောက်နေလို်က်ပါ။ တဖြည်းဖြည်းနဲ့ ကြာကြာ ထိန်းထားနိုင်ပါလိမ့်မယ်။

Naukasana

Boat Pose လို့လည်းခေါ်တဲ့ ဒီ Pose အတွက် အရင်ဆုံး ဖျာပေါ်မှာထိုင်လိုက်ပါ။ ကျောရိုးကို ဖြောင့်တန်းနေအောင်ထားပြီး ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ကြမ်းပြင်နဲ့အပြိုင် ဆန့်ထုတ်လိုက်ပါ။ အသက်ရှူတာကို အာရုံစိုက်ပြီးကိုယ်ဟန်အနေအထားကို ထိန်းထားပါ။ စစချင်းမှာ ကိုယ်ဟန်အနေအထားကို အနည်းဆုံး 15-20 စက္ကန့်လောက်ထားပါ။ နောက်မှ ကြာချိန်ကို ဖြည်းဖြည်းချင်း တိုးပါ။

Chakrasana

သူ့ရဲ့နာမည်နောက်တစ်မျိုးဖြစ်တဲ့ Wheel Pose ပုံစံရဖို့ လက်နှစ်ဖက်ကို အရင်ထောက်လိုက်ပါ။ ပြီးမှ အသက်ပြင်းပြင်းရှူပြီး ခြေထောက်နှစ်ဘက်ကို ကွေးလိုက်ပါ။ ခြေထောက်နဲ့လက်နှစ်ခုလုံးက ခန္ဓာကိုယ်အလေးချိန်ကို မျှအောင်ထိန်းပါ။ ကိုယ်ဟန်အနေအထားကို 15-20 စက္ကန့်ကြာထိန်းထားပြီးမှ ဖြည်းဖြည်းချင်း လွှတ်ပါ။ ဒီ Pose က နည်းနည်းတော့ ခက်တာမလို့ ကိုယ့်ကိုကိုယ် မထိခိုက်မိအောင် သတိထားလုပ်ပါ။