လက်တွေ ခြေတွေက အမြဲလိုလိုရွေ့လျားနေပေမဲ့ ဝမ်းဗိုက်ကတော့ လှုပ်ရှားမှုမရှိိလို့ ဗိုက်ပူခါးတုတ်ဖြစ်နေရပါတယ်။

တခြားနေရာတွေမှာ အဆီမရှိပေမဲ့ ဝမ်းဗိုက်မှာအဆီတွေ စုနေလို့ နေရထိုင်ရတာအဆင်မပြေပါဘူး။ အဝတ်စားဝတ်ရင်လည်း ဖက်ရှင်မကျလို့ ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်ရမလဲ။

Gym လည်းသွားမကစားနိုင်ဘူးဆိုတဲ့ ပျိုမေတို့ရေ ဗိုက်ချပ်တဲ့ လေ့ကျင့်ခန်းကို အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပါပြီနော်။

နံပါတ် ၁

ပထမဆုံး ခြေထောက်နျင်ဖက်ကိုအပေါ်မြောက်ပြီး ဒူးခေါင်းကို ကွေးလိုက်ပါ။ ပြီးရင်လက်နှစ်ဖက်ကို တန်းတန်းဆန့်ပြီး ခေါင်းကိုအပေါ်နည်းနည်းကြွပေးပါ။ ပြီးရင်ခေါင်းကိုပြန်ချ ပြန်ထ လုပ်ပေးပါ။

နံပါတ် ၂

အိမ်မှာ ဆိုဖာခုံလေးရှိမှာပါနော်။ ဆိုဖာခုံမဟုတ်ရင်လည်း ထုထည်လေးတဲ့ အရာဝတ္တုတစ်ခုအောက်မှာ ခြေထောက် ညှပ်ထားလိုက်ပါ။ ပြီးရင် ဒူးခေါင်းကွေးပြီး အိပ်ထမတင်လုပ်ပါ။ ကြမ်းပြင်ထိ လှဲချစရာမလိုပါဘူး။ တစ်ဝက်လောက်နဲ့ပဲ အိပ်ထမတင်လုပ်ပေးပါ။

ဆိုဖာခုံအကူအညီမယူဘဲ ဒူးခေါင်းကို ကွေးပြီး အိပ်ထမတင်လုပ်လို့လည်းရပါတယ်။

နံပါတ် ၃

တောင်တက်သလိုလုပ်ရမှာပါ။ ကိုယ်ကိုလက်နှစ်ဖက် ထောက်ပြီးမှောက်လိုက်ပါ။ ပြီးရင် ဘယ်ခြေထောက်ကိုအခြေတိုး ပြန်ချ။ ညာခြေထောက်ကိုအရှေ့တိုး ပြန်ချ လုပ်ရမှာပါ။

ဒီလေ့ကျင့်ခန်းအပြင် ကိုယ်စားတဲ့အစားအစာကိုလည်း အဟာရပြည့်ပြည့်နဲ့ အရည်ဓာတ်များတဲ့ အသီးအနှံတွေ များများစားပေးပါ။ အဆီများတဲ့အစားအစာရှောင်ပါ။ ည ၆ နာရီဆိုရင် ဘာမှမစားပါနဲ့တော့။ ဖြစ်နိုင်ရင် ရေနဲ့ သစ်သီး တစ်မျိုးလောက်သာစားပေးပါ။