ပျိုမေတိုင်းလိုလို ဗိုက်ချပ်ချင်ကြပါတယ်။ ဗိုက်ချပ်မှ တချို့အင်္ကျီတွေကို ယုံကြည်မှု ရှိရှိ ဝတ်နိုင်မှာပါ။ ဒါပေမယ့် ဗိုက်ချပ်ဖို့ ပြောတာ လွယ်ပေမယ့် တကယ်လုပ်ဖို့က ခက်ခဲနေတတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အဆီကျပြီး နောက်ဆုံးမှ ဗိုက်အဆီကျတတ်ပါတယ်။ တခြား နေရာ အဆီချဖို့ လွယ်ပေမယ့် ဗိုက်အဆီချဖို့တော့ ခက်ခဲနေတတ်ပါတယ်။ သင်က ဗိုက်ချပ်ပြီး စိတ်ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင်တော့ ဒီအချက်တွေအတိုင်း လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။

၁။ တကယ့်အစားအသောက်ကို စားသောက်ပါ

တကယ့်အစားအသောက်ဆိုတာက ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေမဟုတ်ဘဲ သဘာဝအတိုင်း ရနိုင်တဲ့ အစားအသောက်တွေကို ဆိုလိုပါတယ်။ အသင့်စား အစားအသောက်တွေ၊ ဖန်တီးထားတဲ့ အစားအသောက်တွေမှာ အဆီများစွာပါဝင်ပြီး သင့်ဗိုက်အဆီကျဖို့ ခက်သွားတတ်ပါတယ်။

၂။ အစိမ်းရောင် အသီးအရွက်တွေစားပါ

အစိမ်းရောင် အသီးအရွက်တွေမှာ ဗိုက်အဆီကျဖို့အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ အက်တီအောက်ဆီးဒင့် များစွာပါဝင်ပါတယ်။ အက်တီအောက်ဆီးဒင့်က အဆီကျစေတဲ့အပြင် အရွယ်တင်နုပျိုစေပါတယ်။

၃။ ကိုယ့်အိမ်မှာပဲ ချက်စားပါ

ကိုယ်က ဝိတ်ကျချင်သူတစ်ယောက်ဆိုရင် အပြင်စာတွေ လျှော့စားသင့်ပါတယ်။ အပြင်စာတွေမှာ ကိုယ်မသိနိုင်တဲ့ ပါဝင်ပစ္စည်းများစွာ ပါဝင်နိုင်ပြီး အဆီပိုများဖို့ အခွင့်အရေးများပါတယ်။ အိမ်ချက် အစားအသောက်တွေကတော့ အပြင်စာတွေထက် ၉၉ ရာခိုင်နှုန်း ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင်နေပါ

သင်က လှချင်တယ်ဆိုရင် ရေများများသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်စားတဲ့ အစားအသောက်တွေထဲမှာ ရေဓာတ်များတဲ့ အစားအသောက်တွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာ- ဖရဲသီး၊ ပန်းသီး စတာတွေပါ။

၅။ Probiotics မှီဝဲပါ

အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေထဲ Probiotics ပါဝင်မှု များပါတယ်။ Probiotics က အူကျန်းမာရေးအတွက်လည်း အသုံးဝင်တဲ့ အစားအသောက်တစ်မျိုးပါ။ ဒိန်ချဉ်ကို ပုံမှန်သောက်ပေးသင့်ပါတယ်။ ဗိုက်ချပ်စေသလို ဝမ်းချုပ်သူတွေအတွက်လည်း Probiotics က သင့်တော်ပါတယ်။

၆။ လှုပ်လှုပ်ရှားရှားနေပါ

ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ နေ့တိုင်း အားကစား ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါဘူး။ လမ်းလျှောက်ရုံနဲ့တင် လှုပ်လှုပ်ရှားရှား နေတယ်လို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။

၇။ အလှအတွက် အိပ်ချိန်

ပျိုမေတို့အနေနဲ့ ပိုလှလာဖို့ ပိုသွယ်လျလာဖို့ တစ်နေ့မှာ အိပ်ချိန် ၇ နာရီကနေ ၈ နာရီ အတွင်း ရှိသင့်ပါတယ်။ ဒီလိုအိပ်ချိန်လုံလောက်တာကြောင့် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar