ဟောလိဝုဒ်အနုပညာရှင်တွေမှာ သူတို့ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေမှာ အောင်မြင်ခဲ့ရုံသာမက စွန့်ဦးစီးပွားရေးလုပ်ငန်းတွေကိုပါ အောင်မြင်အောင်လုပ်ကိုင်နေသူတွေရှိပါတယ်။ အခုပြောပြပေးမှာကတော့ အနုပညာလောကမှ စီးပွားရေးလောကကို ကူးပြောင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင် (၅)ဦး အကြောင်းပါ။

Nicole Richie

နီကိုးလ်ရစ်ချီကို ပဲရစ်ဟီလ်တန်ရဲ့အကောင်းဆုံးသူငယ်ချင်းဆိုတာ သူမတို့ရဲ့ပရိသတ်တိုင်းသိကြပါတယ်။ သူတို့နှစ် ယောက်ရဲ့ TV show တွေ ဖျော်ဖြေတင်ဆက်မှုတွေကလဲ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကဒီအောင် မြင်မှုတွေကိုစွန့်ပြီး House of Harlow ဆိုတာ လက်ဝတ်ရတနာကုမ္မဏီကိုတည်ထောင်သူဘဝကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ လက်ဝတ်ရတနာလုပ်ငန်းနဲ့လည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်တဲ့။

Victoria Beckham

တချိန်က ဗစ်တိုးရီးယားဘက်ခမ်းဟာ ဗြိတိန်အမျိုးသမီးအဆိုတော်၅ယောက်အဖွဲ့ဖြစ်တဲ့ Spice Girl အဖွဲ့ရဲ့ အဖွဲ့ဝင် ဟောင်းပါ။ ဒါပေမယ့် သူမဟာနာမည်ကျော်အဆိုတော်လောကနေ စီးပွားရေးလောကကိုကူးပြောင်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် လန်ဒန်မှာ ဗစ်တိုးရီးယားကသူမရဲ့ပထမဆုံးဖက်ရှင်ဆိုင်ကိုဖွင့်ခဲ့ပါတယ်။ အဲ့ဒီကစပြီး ဖက်ရှင်လောကမှာ သူ့မ နာမည်နဲ့အဝတ်အထည်တွေ ကမ္ဘာတဝန်းကိုဖြန့်ချီခဲ့ပါတယ်။

George Clooney

နောက်တယောက်ကတော့ မင်းသားကြီးဂျော့ကလူးနီပါ။ ဂျော့ကလူးနီကို သရုပ်ဆောင်အလွန်တော်တဲ့မင်းသားကြီး တလက်အဖြစ် အားလုံးကသတ်မှတ်ပြီးသားပါ။ ဒါပေမယ့် သူကသရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး သူ့ကိုယ်ပိုင် တက်ကီလာအရက်ကုမ္မဏီကိုတည်ထောင်ခဲ့ပြီး မကြာသေးခင်ကဒေါ်လာအမြတ်အစွန်းများစွာနဲ့တဆင့်ပြန်လည် ရောင်းချခဲ့ပါတယ်။

Jessica Alba

Fantastic Four, Honey စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဂျက်ဆီကာအယ်လ်ဘာကိုသင်သိကောင်းသိမှာပါ။ ဒါပေမယ့် သူမကသရုပ်ဆောင်ပညာတင်မကပါဘူူး၂၀၁၂ ခုနှစ်က သဘာဝကုန်ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့ Honest Company တည်ထောင်ပြီး စွန့်ဦးတီထွင်စီးပွားရေးလောကထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ သဘာဝပစ္စည်းတွေ ကိုသာအခြေခံထုတ်လုပ်တဲ့ ကလေးသုံးပစ္စည်းတွေထုတ်လုပ်ပြီး ဂျက်ဆီကာအယ်လ်ဘာရဲ့ Honest Company စီးပွားရေးဟာအောင်မြင်ခဲ့ပါတယ်။

Jay-Z

နောက်ဆုံးတယောက်ကတော့ Jay-Z ပါ။ ဟစ်ဟော့ဂီတလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Jay-Z က Roc-A-Fella အင်ပါယာရဲ့ တွဲဖက်တည်ထောင်သူလဲဖြစ်ပါတယ်။ Roc-A-Fella အင်ပါယာမှာ အဝတ်အစားကစ ရုပ်ရှင်အထိပါဝင်ပါတယ်။ ဒါ့အပြင်သူက Tidal လို့အမည်ရတဲ့ သီချင်းဝန်ဆောင်မှုလုပ်ငန်းရဲ့ပိုင်ရှင်လဲဟုတ်ပါသေးတယ်။