ဆယ်လ်ဖီရိုက်ကူးရတာ အင်မတန်ပျော်ဖို့ကောင်းတဲ့ အရာတစ်ခုဖြစ်ပြီး မိမိနည်းတူ ရိုက်ကူးနေသူများကို တွေ့သည့်အခါ စနောက်ရတာကပိုပြီးတော့ကို ပျော်စရာကောင်းပါတယ်။ သို့သော်လည်း အတည့်အနေအထားဖြင့် ရိုက်ကူးရတာက ခေတ်နောက်ကျ၍ ပျင်းစရာကောင်းလာကာ မိမိကိုယ်၌ကလည်း အတတ်နိုင်ဆုံး ကြည့်ကောင်းလိုကြပါတယ်။

ထိုအခါမှာလည်း လက်ငြိမ်မငြိမ်၊ အလင်းရှိမရှိ၊ နေရာကောင်းမကောင်း စသဖြင့် တွေးတောချိန်ဆရသည့်အတွက် ပုံကောင်းကောင်းထွက်လာဖို့ အာမမခံနိုင်ပါဘူး။ ထို့ကြောင့် ပိုက်ဆံအကုန်အကျလည်းသက်သာကာ လွယ်ကူမြန်ဆန်ပြီး ပုံကောင်းကောင်းထွက်လာနိုင်မည့် နည်းလမ်းကောင်းလေးများကို မျှဝေပေးလိုက်ရပါတယ်။

၁။ ရှုထောင့်ကိုမြင့်မြင့်ထားပါ။

ဓာတ်ပုံရိုက်ဖို့အတွက် လက်ကိုဆန့်တန်းလိုက်သည့်အခါ ခေါင်းအထက်၊ မျက်နှာအပေါ်ရှုထောင့်တွင်ဖြစ်နေစေရန် အရေးကြီးပါတယ်။ ပြီးနောက်မှာ ခေါင်းကိုအနည်းငယ်မျှဘေးသို့စောင်းလိုက်ခြင်းဖြင့် မေးစေ့နှင့်ပတ်သက်သည့် ပြဿနာများကို အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၂။ Timer ကိုအသုံးပြုပါ။

လက်ကိုဆန့်ထုတ်လိုက်တဲ့အခါမှာ ငြိမ်ငြိမ်ထားဖို့က အင်မတန်မှခက်ခဲပါတယ်။ ဓာတ်ပုံရိုက်ရန်အတွက် ခလုပ်နိုင်လိုက်သည့်အခါဖြစ်စေ၊ Filter ထည့်သည့်အခါတွင်ဖြစ်စေ ကင်မရာအနည်းငယ်လှုပ်လိုက်ရုံဖြင့် ပုံများဝါးသွားနိုင်ပါတယ်။ ထို့ကြောင့် Timer ကိုအသုံးပြုခြင်းက လှုပ်ရှားမှုကိုလျော့နည်းစေသလို စက္ကန့်အနည်းငယ်မျှပိုပေးခြင်းက ကင်မရာကိုကြည့်ရန်အတွက် အချိန်ပိုပေးလိုက်ဖြစ်သွားမှာပါ။

၃။ ဖလက်ရှ်မီးထည့်သွင်းပါ။

အိမ်အတွင်းတွင်ရှိချိန်၊ ညအချိန်၊ စသည့်အလင်းရောင်နည်းပါးသည့်အချိန်များတွင် ဖလက်ရှ်မီးကိုထည့်သွင်းအသုံးပြုရန်လိုအပ်ပါတယ်။ ပုံထွက်ကောင်းမွန်ရန်အတွက် အလင်းရောင်လည်းလိုအပ်သောကြောင့် ဖလက်ရှ်မီးကို ထည့်သွင်းအသုံးပြုစေလိုပါတယ်။

၄။ ဖုန်းကိုအလွယ်တကူကိုင်နိုင်အောင်ပြုလုပ်ပါ။

ဖုန်းအနောက်တွင်တပ်ရသည့်ကပ်ခွာများသည် ဖုန်းကိုမြဲမြဲမြံမြံကိုင်နိုင်ရန်သာမက ဆယ်လ်ဖီရိုက်သည့်အချိန်မှာလည်း သက်သောင့်သက်သာကိုင်နိုင်ရန် ကူညီပေးမှာဖြစ်ပါတယ်။ ထောင့်များမှကိုင်နေမည့်အစား ကွင်းလေးများအတွင်း လက်ကိုလျှိုထည့်လိုက်ခြင်းဖြင့် အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၅။ ဖုန်းကိုနံရံတွင် သို့မဟုတ် ပြတင်းပေါက်ပေါ်တွင်ချိတ်ဆွဲခြင်း

ထိုကဲ့သို့ ဖုန်းကိုချိတ်ဆွဲထားခြင်းဖြင့် မိမိအလိုရှိသည့်ပုံစံကို လုံး၀ဝါးခြင်းမရှိစေဘဲ ကြည်လင်ပြတ်သားစွာ ရရှိစေမှာဖြစ်ပါတယ်။ ထို့အပြင် လက်ကိုအသုံးပြုစရာလည်းမလိုတော့သောကြောင့် ညောင်းခြင်း၊ ညာခြင်းမရှိကာ အချိန်ကြာကြာဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။