လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုအတွက် ရွေးချယ်မှုတိုင်းဟာ ဈေးကြီးတိုင်းလည်း မသားနားသလို ဈေးပေါတိုင်းလည်း အပေါစားမဆန်တတ်ပါဘူး။

အိမ်နေရင်း ဝတ်စုံအဟောင်းနဲ့ ကားအကောင်းစားကြီးမောင်းပြီး အလုပ်သွားကြတဲ့ လုပ်ငန်းရှင် သူဌေးတွေလည်း တွေ့နိုင်သလို စားဝတ်နေရေး ပြေလည်တယ်ဆိုရုံ လူတန်းစားတွေထဲမှာလည်း သားသားနားနား ဝတ်စားဆင်ယင်တတ်သူတွေလည်း ရှိပါတယ်။

ဒါကြောင့် တကယ်လို့ ငွေရေးကြေးရေး အဆင်မပြေဘူးဆိုရင်တောင် တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားသလို သားနားတောက်ပြောင်နေစေမယ့် နည်းလမ်း ၇ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝတ်ဆင်မယ့် အဝတ်အထည်ပေါ်မှာ အာရုံစိုက်ပါ

အများကြီး ဝယ်ပြီး မဝတ်ဖြစ်လို့ ချောင်ထိုးထားတဲ့ အဝတ်အထည်တွေ လူတိုင်းနီးပါးမှာ ရှိကြမှာပါ။ ဒါကြောင့် ၁၀ ထည်ဝယ်မယ့်အစား တကယ်ဝတ်ဖြစ်မယ့် ၅ ထည်ကို စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။

၂။ နာရီ ဝတ်ဆင်ပါ။

နာရီ ဝတ်ဆင်ထားခြင်းက သင့်ရဲ့ ဝတ်စားဆင်ယင်မှုကို ပိုပြီး စမတ်ကျစေမှာပါ။

၃။ Brand နာမည်တွေ ပြူးပြဲနေတဲ့အဝတ်အထည်တွေကို ရှောင်ပါ

Brand နာမည်တွေက သင့်ကို ပိုပြီး သားနားသွားအောင် မပြုလုပ်နိုင်ပါဘူး။

၄။ အိတ်ကောင်းကောင်းလေး ဝယ်ပါ

သားရေနဲ့ ချုပ်ထားတဲ့ အိတ်မျိုးက သင့်ကိုပိုပြီး သားနားစေပါတယ်။

၅။ မျက်မှန်တပ်ပါ

မျက်မှန်က သင့်ကို တခြားလူတွေအားလုံးနဲ့ ကွဲပြားစေနိုင်တဲ့ အလွယ်ကူဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။ နာမည်ကြီး Branded နေကာ မျက်မှန် မတပ်နိုင်ဘူးဆိုရင်တောင် မြန်မာငွေ သောင်းဂဏန်းဝန်းကျင်ထဲမှာ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်ပြီး စတိုင်လ်ကျသွားစေမယ့် နေကာမျက်မှန်တွေကို ရွေးချယ်နိုင်ပါတယ်။