လူတစ်ယောက်မှာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေ အပြည့်အဝရအောင် လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးကောင်းဖို့က အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းဖို့က ကိုယ့်ရဲ့နေထိုင်မှု Lifestyle နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ Healthy Lifestyle ဖြစ်အောင်နေထိုင်နိုင်ဖို့ အဓိကလုပ်ရမယ့်အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ဘယ်လောက်အလုပ်များများ တစ်နေ့ကို ၈ နာရီပြည့်အောင် အိပ်ပေးပါ။ အချိန်နဲ့အိပ်ပါ။ ညဘက်အရမ်းနောက်ကျမှအိပ်တာမျိုး မလုပ်ပါနဲ့။ စောစောအိပ်ပြီး စောစောထတာ အကောင်းဆုံးပါပဲ။ အိပ်ရေးဝမှ ကျန်းမာမယ်၊ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်၊ ကိုယ်ခံအားလည်း ကောင်းနေပါမယ်။

ကျန်းမာတဲ့အစားအသောက်တွေကိုစားပါ

ကျန်းမာတဲ့အစားအသောက်တွေကို စားပေးမှ ကျန်းမာရေးပိုကောင်းပါမယ်။ အပြင်စာတွေ အရမ်းစားတာမျိုး မလုပ်ပါနဲ့။ မနက်စာ Breakfast ကိုလည်း အလွတ်မခံပါနဲ့။ အာဟာရရှိတဲ့အစားအစာတွေကို သေချာစားပေးပါ။

အားကစားပုံမှန်လုပ်ပါ

ကျန်းမာတဲ့ Healthy Lifestyle ကိုလိုချင်ရင် အားကစားကိုလည်း မေ့ထားလို့မရပါဘူး။ အများကြီးမလုပ်နိုင်ရင်တောင် ပုံမှန် မနက်စောစော လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာ၊ ယောဂကျင့်တာမျိုးလေးတွေ လုပ်ပေးပါ။

အနားယူပါ

ဘယ်လောက်ပဲ အလုပ်များများ၊ ဘယ်လောက်ပဲ စာတွေလုပ်နေရပါစေ အနားယူဖို့ အချိန်သီးသန့်ထားပေးပါ။ အနားယူတဲ့အချိန်မရှိပဲ ဆက်တိုက်တွေလုပ်နေရင် Stress တွေပိပြီး စိတ်ရောကိုယ်ပါ ပင်ပန်းမယ်၊ ကျန်းမာရေးထိခိုက်ပါမယ်။ ဒါကြောင့် Relax လုပ်ဖို့၊ အနားယူဖို့ မမေ့ပါနဲ့။

အားဆေးသောက်ပါ

ကျန်းမာရေးအတွက် အားဆေးသောက်ပေးတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြီးပဲ သောက်ပါ။ သူများညွှန်းတိုင်း အကုန်လျှောက်သောက်တာမျိုး မလုပ်ပါနဲ့။

ဒီအရာ ၅ ခုကိုသာ ပုံမှန်လုပ်ပေးရင် ကျန်းမာတဲ့ Healthy Lifestyle ကို ရရှိမှာ သေချာပါတယ်။