ကျောင်းပိတ်ရက်မှာပဲဖြစ်ဖြစ်၊ ရုံးပိတ်ရက်မှာပဲဖြစ်ဖြစ် အားလပ်ရက်လေးရတဲ့အခါမှာ ကိုယ့်အတွက် အကျိုးရှိမယ့် အရာလေးတွေကို လုပ်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ စိတ်ချမ်းသာပြီးပျော်ရွှင်ရအောင် ပြုလုပ်သင့်တဲ့အရာ (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ။

ဖွင့်ရက်တွေမှာ ကျောင်းသွားဖို့ စောစောထရတာနဲ့ အလုပ်သွားဖို့ စောစောထပြင်ဆင်ရတာနဲ့ အိပ်ရေးမဝတာမျိုးတွေဖြစ်နေကြတာများပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပေးသင့်ပါတယ်။ အိပ်ရေးဝနေရင် စိတ်လည်း ကြည်လင်လန်းဆန်းစေပါတယ်။

သင်တန်းတက်ပါ။

ပိတ်ရက်မှာတက်လို့ရတဲ့ သင်တန်းလေးတွေကို အချိန်ပေးပြီး တက်ကြည့်ပါ။ ဘာသာစကားသင်တန်းပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့သူဆိုလည်း ဒီထက်မကတိုးတက်စေဖို့ သင်တန်းလေးတွေတက်ပေးဖို့ လိုပါတယ်။

စာအုပ်ဖတ်ပါ။

ရုံးဖွင့်ရက်တွေ၊ ကျောင်းဖွင့်ရက်တွေမှာဆိုရင် စာအုပ်ဖတ်ဖို့လည်း အချိန်မပေးနိုင်တာများပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ ကိုယ့်အတွက်အကျိုးရှိစေမယ့် စာအုပ်လေးတစ်အုပ်တော့ ပြီးအောင် ဖတ်သင့်ပါတယ်။ စာဖတ်ခြင်းက အရာရာကိုပြောင်းလဲစေတဲ့အတွက် စာဖတ်ပေးဖို့တော့ လုံးဝမေ့ပါနဲ့။

သူငယ်ချင်းတွေနဲ့ လျှောက်သွားပြီးမုန့်စားပါ။

အားလပ်ရက်မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ပါးပါး သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ပြီး လျှောက်သွားပါ။ မုန့်စားရင်းနဲ့ စကားတွေပြောပြီး ပျော်ပျော်ရွှင်ရွှင်နေပါ။

မိသားစုကိုလည်း အချိန်ပေးပါ။

ဖွင့်ရက်တွေမှာ ကျောင်းသွားနေရတာ၊ အလုပ်သွားနေရတာနဲ့ပဲ မိသားစုနဲ့ အကြာကြီးနေရတဲ့အချိန်က မရှိတာများပါတယ်။။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုရင်တောင် မိသားစုအတွက်လည်း အချိန်ပေးပါ။ မိသားစုနဲ့ အိမ်မှာမုန့်လုပ်စားတာပဲဖြစ်ဖြစ်၊ အပြင်မှာမုန့်သွားစားတာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။

Photo Source: www.pexels.com