ကျန်းမာတဲ့ အရွယ်ရောက်သူ တစ်ယောက်က တစ်မိနစ်မှာ ၁၂ ခါကနေ အခါ ၂၀ အသက်ရှူတတ်ကြပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံးက အသက်ပုံမှန် ရှူနိုင်ဖို့ပါပဲ။ ဒီအရာကို တကယ် လိုအပ်တဲ့အချိန်၊ ရောဂါ ဝင်တဲ့အချိန်မှ နားလည်လာတတ်ကြပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ် အလုပ်တာဝန်တွေ လုပ်ဆောင်ဖို့ အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ စွမ်းအင် ၉၀ ရာခိုင်နှုန်းက အသက်ရှူခြင်းကနေ ရရှိပါတယ်။

အဆုတ်ကျန်းမာဖို့ ကျွန်မတို့ အသက်ရှူတာကို အာရုံစိုက်ခြင်းနဲ့ အစပြုနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ပိုရပြီး ပိုကျန်းမာလာစေမယ့် နည်းလမ်း (၅) ခုကို ကြည့်လိုက်ရအောင်နော်-

၁။ လေကောင်းလေသန့်ရှူပေးပါ

Aircon ခန်းထဲမှာ အမြဲနေတာမျိုး မလုပ်ဘဲ ပြတင်းပေါက် ဖွင့်ထားသင့်ပါတယ်။ လေကောင်းလေသန့် နေရာရှိတဲ့နေရာဆီသွားပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပေးတာကလည်း အောက်ဆီဂျင်ပို ရစေပါတယ်။

၂။ ရေသောက်ပါ

အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှူထုတ်နိုင်ဖို့ အဆုတ်က ရေဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ အကြမ်းမျဉ်းအားဖြင့် ကျွန်မတို့က ရေဓာတ် ၄၀၀ မီလီ လီတာလောက်ကို အသုံးပြုရပါတယ်။

၃။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ

အစားအသောက်အများစုက အောက်ဆီဂျင်ပို တက်စေပါတယ်။ သံဓာတ်ကတော့ ခန္ဓာကိုယ်ထဲ သွေးလည်ပတ်ဖို့ လိုအပ်တဲ့ သွေးနီဥအတွက် ပံ့ပိုးမှု ပေးပါတယ်။ ဒါကြောင့် သံဓာတ်ဆုံးရှုံးရင် မောပန်းတာ ဖြစ်တာပါ။ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အစိမ်းရောင်အရွက်တွေ၊ အသီးတွေနဲ့ ဥအမျိုးမျိုး ဖြစ်ပါတယ်။

၄။ လေ့ကျင့်ခန်း

အောက်ဆီဂျင်ကို ပိုသုံးလေလေ အောက်ဆီဂျင် ပိုရလေလေပါပဲ။ ဒါကြောင့် ကျွန်မတို့က အောက်ဆီဂျင်ပိုသုံးတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ Interval Training လေ့ကျင့်ခန်းက အောက်ဆီဂျင်ပိုရဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

၅။ အသက်ရှူတာကို လေ့ကျင့်ပါ

အောက်ဆီဂျင်ပိုရဖို့ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဖြည်းဖြည်းနဲ့ ပြင်းပြင်းလေး အသက်ရှူပေးခြင်းကလည်း အောက်ဆီဂျင် Level ကို ပိုတက်စေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းက အောက်ဆီဂျင် အတွက်သာမက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar