အနံ့အသက်ဆိုးများက မိမိတို့ရဲ့စိတ်ခံစားချက်ကို ညစ်ညူးစေတာကြောင့် မိမိအိမ်တွင်းပတ်ဝန်းကျင်လေးကို အမြဲတမ်းအနံ့အသက် သင်းပျံ့နေအောင် ဖန်တီးပေးဖို့လိုပါတယ်။ သဘဝအမွှေးရနံ့လေးကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပြုလုပ်နည်းများကို အသုံးပြုနိုင်ပါတယ်။

ဓာတုပစ္စည်းများ ထည့်သွင်းအသုံးမပြုထားတာကြောင့် ဘေးထွက်ဆိုးကျိုးတွေအတွက်လည်း စိတ်ပူစရာလိုပါဘူး။

ပန်းသီး၊ သစ်ကြမ်းပိုးခေါက်နှင့် နာနတ်ပွင့်

ပန်းသီးတစ်လုံးကို ခပ်ပါးပါး လှီးလိုက်ပါ။ ထို့နောက် ဖန်ပုလင်းထဲထည့်ပါ။ ထိုပုလင်းထဲသို့ ရေအနည်းငယ် ဖြည့်ပါ။ သစ်ကြမ်းပိုးခေါက်အချောင်းအနည်းငယ်ထည့်ပါ။ နာနတ်ပွင့်အနည်းငယ်ထည့်ပါ။ ထို့နောက် ထိုဖန်ပုလင်းကို အခန်းထောင့်တစ်နေရာမှာ ထားထားမယ်ဆိုရင်တော့ သင့်အခန်းပတ်ဝန်းကျင်က ရနံ့သင်းပျံ့နေမှာပါ။

သံပုယိုသီး၊ သံပုရာသီး၊ Rosemary အရွက်နှင့် ဗနီလာ

သံပုယိုသီးနှင့် သံပုရာသီးတို့ကို အကွင်းလိုက်ပါးပါးလှီးပါ။ ထို့နောက် ဖန်ပုလင်းထဲထည့်ပါ။ ရေအနည်းငယ်ဖြည်းပါ။ ဗနီလာ ၂ စက်ခန့် ထည့်ပါ။ ပြီးရင်တော့ Rosemary အရွက်လေး စိုက်ထည့်ထားလိုက်ပါ။ မွှေးပျံ့လန်းဆန်းတဲ့ရနံ့လေးကို ပေးစွမ်းပါလိမ့်မယ်။

သံပုယိုသီးနှင့် ပင်စိမ်းရွက်

သံပုယိုသီးကို အဝိုင်းလိုက် ပါးပါးလှီးပြီးနောက် ဖန်ပုလင်းထဲထည့်ပါ။ ရေထည့်ပါ။ ထို့နောက် ပင်စိမ်းရွက်နှင့် Thyme ရွက် ထည့်လိုက်ပါ။ ပင်စိမ်းရွက်များကို အခြောက်ခံပြီးလည်း အသုံးပြုနိုင်ပါတယ်။

ကမ္ဗလာသီးနှင့် ဂျင်း

ကမ္ဗလာသီးကို အကွင်းလိုက် ပါးပါးလှီးပြီးနောက် ဖန်ပုလင်းထဲထည့်ပါ။ ထို့နောက် ရေအနည်းငယ် ထည့်ပါ။ အနံ့ပိုမွှေးချင်ပါက သံပုယိုသီးအကွင်း အနည်းငယ်ထည့်ပါ။ ဂျင်းကို ပါးပါးလှီးပြီးနောက် ဖန်ပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် အယ်လ်မွန်ဆီ ၃ စက်၊ ၄ စက်ခန့် ထည့်ပေးလိုက်ပါ။

သခွားသီး၊ ပင်စိမ်းရွက်နှင့် စပါးလင်

သခွားသီးကို ပါးပါးလှီးပြီးနောက် ဖန်ပုလင်းထဲထည့်ပါ။ ရေထည့်ပါ။ ပင်စိမ်းရွက်ထည့်ပါ။ သဘာဝစပါးလင်အဆီ အနည်းငယ် ထည့်ပါ။ ဒီအနံ့လေးကတော့ စူးသောရနံ့ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့စေမယ့်မွှေးရနံ့လေးပဲဖြစ်ပါတယ်။

Source: Brightside.me