မနက်အိပ်ယာနိုးတာနဲ့ ကောင်းတာတွေပဲစတွေးပြီး နိုးထပါ။ အိပ်ယာနိုးတာနဲ့ စိတ်ကြည်လင်တက်ကြွပြီး ပျော်နေရင် တစ်နေ့လုံးအတွက်လည်း အဆင်ပြေစေပါတယ်။

တစ်နေ့လုံးအတွက်လည်း စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။ ဒါကြောင့် မနက်အိပ်ယာနိုးတာနဲ့ သင့်ကိုသင်ပြန်သတိပေးပြီး ဒီစကား (၅) ခွန်းကို အမြဲပြောပေးပါ။

ငါအတော်ဆုံးပဲ၊ ငါအကောင်းဆုံးပဲ

တချို့တွေက ကိုယ့်ကိုယ်ကိုသိမ်ငယ်နေတာတွေ၊ အားမရတာတွေ၊ မိုးလင်းတာနဲ့ Negative အတွေးတွေပဲ ခေါင်းထဲရောက်နေတာမျိုးတွေ ရှိတယ်။ ဒါကြောင့် မနက်အိပ်ယာနိုးတာနဲ့ ငါအတော်ဆုံးပဲ၊ ငါအကောင်းဆုံးပဲဆိုတဲ့ စကားကိုပြောပါ၊ တွေးပါ။ တစ်နေ့တာအတွက် ခွန်အားဖြစ်စေပါတယ်။

ငါလုပ်နိုင်တယ်

မနက်မိုးလင်းလို့အိပ်ယာနိုးတာနဲ့ ဖြစ်လာမယ့်ဘယ်အရာကိုမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ စကားပြောပါ။ တွေးပါ။ ဒါမှတစ်နေ့တာအတွက် လန်းဆန်းတက်ကြွနေမှာ။

ကံတရားကငါ့ဘက်မှာရှိတယ်

ဘာကိုပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ကပဲအမြဲတွေးပါ။ မိုးလင်းတာနဲ့ ကံဆိုးလိုက်တာ၊ ကံမကောင်းလိုက်တာလို့ တွေးနေပြောနေတာမျိုးမလုပ်ပါနဲ့။ ကံတရားက ငါ့ဘက်မှာရှိတယ်ဆိုတဲ့စကားမျိုးပဲပြောပါ တွေးပါ။

ငါ့အတွက် အကောင်းတွေပဲဖြစ်လာမယ်

တစ်ခါတစ်လေဖြစ်တတ်ပါတယ် စိတ်ခံစားချက်မကောင်းတာမျိုး၊ တစ်ခုခုဖြစ်တော့မလားဆိုပြီး တွေးမိတာမျိုး။ ဒီလိုအတွေးမျိုးဖြစ်လာရင်လည်း ငါ့အတွက်အကောင်းတွေပဲဖြစ်လာမယ်လို့ပဲတွေးပါပြောပါ။

Today is my day

မနက်မိုးလင်းလို့အိပ်ယာကနိုးတာနဲ့ ပြုံးပါ။ စိတ်ကြည်ကြည်လင်လင်နဲ့ Today is my day ဆိုပြီးတွေးထားပါ။ တစ်နေ့တာလုံးအတွက် စိတ်ကြည်လင်ပြီး အဆင်ပြေသွားပါလိမ့်မယ်။