မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားလေးတစ်ယောက်ဆီက ဘယ်လိုအရည်အသွေးမျိုးတွေကို မျှော်လင့်တတ်လဲ သိပါသလား။ တကယ်တော့ မိန်းကလေးတွေ မျှော်လင့်ထားတဲ့ အရည်အသွေးက (၅)ခု ရှိပါတယ်။

၁။ ရိုးသားမှု

ယောကျာ်းတစ်ယောက်ရဲ့ ရိုးသားမှုဟာ မိန်းကလေးတွေ လိုချင်တတ်ကြတဲ့အရာဖြစ်ပါတယ်။ အရေးကြီးကိစ္စမှန်သမျှမှာ သူမအပေါ်အမှန်အတိုင်း ရိုးသားပွင့်လင်းစေချင်တတ်ကြပါတယ်။ ချစ်ရတဲ့ယောကျ်ားတစ်ယောက်ရဲ့ ဘဝထဲက ကိစ္စမှန်သမျှကို သိချင်ပါတယ်။ သူမအပေါ်မှာလည်း ယုံကြည်စေချင်ပါတယ်။

၂။ နားလည်မှု

မိန်းကလေးတိုင်းက သူတို့အပေါ်မှာ နားလည်မှု ရှိစေချင်တတ်ကြပါတယ်။ နားလည်မှုရှိခြင်းဟာ ချစ်ခြင်းရဲ့ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်အပေါ်နားလည်မှုရှိတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ထားတာဟာ ကိုယ့်ကို တကယ်ချစ်တဲ့သူတစ်ယောက်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတစ်ခု ဖြစ်နေတာကြောင့်ပါ။

၃။ ဂရုစိုက်မှု

ဒီကမ္ဘာပေါ်မှာ ဂရုစိုက်မခံချင်တဲ့ မိန်းကလေးမရှိပါဘူး။ မိန်းကလေးတိုင်းက လိုအပ်တဲ့အချိန်မှာ တစ်ယောက်ယောက် ရှိနေပေးတာကို မျှော်လင့်တတ်ပါတယ်။ သူမရဲ့ အခက်အခဲ၊ ဝန်ထုပ်ဝန်ပိုးကို ဝေမျှဖြေရှင်းပေးနိုင်မယ်သူမျိုးကို လိုချင်ကြပါတယ်။ ဒီလိုသာ ဂရုစိုက်မှုပေးနိုင်မယ်ဆိုရင် သင်လိုအပ်ချိန်မှာလည်း သူမက လွဲပြီးဘယ်သူမှ သင့်အတွက် ရှိမနေတာကို သိလာပါလိမ့်မယ်။

၄။ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်သန်မာမှု

အားနည်းပျော့ညံ့တဲ့ ယောကျ်ားလေးတွေကို ဘယ်မိန်းကလေးကမှ အထင်မကြီးပါဘူး။ ဒါက မိန်းကလေးတွေရဲ့ သဘာဝပါပဲ။ ဒီလိုပြောလို့ ဟာကျူလီလောက်နီးနီး ကြံ့ခိုင်သန်မာနေစရာမလိုပါဘူး။ မိန်းကလေးတစ်ယောက် လိုအပ်ချိန်မှာ အကာအကွယ်ပေးနိုင်တဲ့သူ၊ ကူညီပေးနိုင်သူတစ်ယောက် ဖြစ်ဖို့ပဲ လိုပါတယ်။

၅။ သစ္စာရှိမှု

မျက်လုံးထဲမှာ သူမတစ်ယောက်ထဲကိုပဲ မိန်းမလို့မြင်စေချင်တာ ဖြစ်ပါတယ်။ သူမအပေါ်မှာ အလုံးစုံ သစ္စာရှိပြီး ဘယ်လိုအားနည်းချက်တွေကိုပဲ ဖြစ်ဖြစ် နားလည်လက်ခံပြီး ချစ်နေနိုင်တဲ့ အရည်အသွေးမျိုးကို မိန်းကလေးတွေက လိုချင်ကြပါတယ်။