ခရီးသွားချင်စိတ်သာရှိမယ်ဆိုရင် အတူတူသွားပေးမယ့် သူငယ်ချင်းတွေသာ ရှိမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် ခရီးထသွားရတာက အလွယ်လေးပါပဲနော်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အတူတူ ခရီးသွားလို့ကောင်းမယ့် နေရာ (၅) ခုကို ရွေးချယ်ပေးထားပါတယ်။

ဒီထဲကမှ ကိုယ်ကြိုက်တဲ့တစ်နေရာကို သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးသာ ရွေးချယ်လိုက်တော့နော်။

ကမ်းခြေ

ကမ်းခြေက သူငယ်ချင်းတွေစုပြီးသွားရင် အရမ်းကိုပျော်စရာကောင်းပါတယ်။ လွတ်လပ်ပေါ့ပါးပြီး အပန်းဖြေလို့ ကောင်းဆုံးပဲ။ ဓာတ်ပုံလည်းကြိုက်သလောက်ရိုက်၊ ညဆိုကမ်းခြေမှာထိုင် ဂစ်တာတီးသီချင်းဆို၊ ဂိမ်းတွေကစား၊ မီးပုံပွဲလုပ်နဲ့ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ။

တောင်တန်း

သဘာဝရှုခင်းအလှတွေခံစားချင်တယ်၊ အေးအေးချမ်းချမ်းဖြစ်တဲ့နေရာလေးသွားချင်တယ်ဆိုရင် တောင်တန်းတွေများတဲ့နေရာကို ရွေးပါ။ ဓာတ်ပုံလည်းမရိုက်ချင်မှအဆုံး ဘယ်နေရာကြည့်ကြည့်လှနေတော့ ရိုက်လို့တောင်ပြီးမှာ မဟုတ်ပါဘူး။

အထင်ကရ ဘုရားစေတီပုထိုးတွေ ရှိတဲ့နေရာတွေ

သူငယ်ချင်းတွေစုပြီး ဘုရားဖူးသွားရတာလည်း အရမ်းပျော်စရာကောင်းပါတယ်။ ကိုယ်သွားချင်တဲ့နေရာတွေ ပတ်သွားပြီး အေးဆေးသွားလို့လည်းရမယ်။

Camping

အေးချမ်းတဲ့နေရာလေးသွားချင်ပေမယ့် လူရှုပ်တဲ့နေရာတွေတော့ မသွားချင်ဘူးဆိုရင် Camping သွားပါ။

အပျော်စီးသင်္ဘောခရီး

အဝေးကြီးလည်းမသွားချင်ဘူး၊ နီးနီးနားနားပဲသွားချင်တယ်ဆိုရင်တော့ သူငယ်ချင်းတွေစုပြီး သင်္ဘောခရီးသွားပါ။ သင်္ဘောလေးစီးရင်း ညနေခင်းဆည်းဆာ ရှုစားလို့ရတာပေါ့နော်။