Dry Eyes Effect ဆိုတာ ကွန်ပျူတာလိုမျိုး အီလက်ထရောနစ် Screen အကြည့်များတဲ့ သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ မျက်လုံးခြောက်သွေ့မှုဟာ မျက်လုံးထဲက မျက်ရည် လုံလုံလောက်လောက် ထုတ်မပေးတာနဲ့ မျက်ရည်ခန်းခြောက်မှုမြန်တဲ့အခါမျိုးကို ဆိုပါတယ်။

မျက်လုံးခြောက်မှုဟာ ဆိုးဝါးတဲ့ကျန်းမာရေး ပြဿနာမဟုတ်ပေမယ့် အတော်လေး နေရခက်ပြီး ကျိန်းစပ်နေတတ်ပါတယ်။ တစ်ခါတစ်လေမှာ ယာယီ အမြင်ဝေဝါးမှုပါ ဖြစ်တတ်ပါတယ်။ Dry Eyes ဖြစ်တတ်တဲ့ ယေဘုယျအကြောင်းရင်း ၅ မျိုးရှိပါတယ်။

အသက်အရွယ်ကြောင့်လည်း မျက်လုံးခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။ မျက်ရည်ဖြစ်စေမယ့် ပရိုတိန်းဟာ အသက်ကြီးလာလေလေ နည်းလာလေ ဖြစ်ပြီး မျက်ရည်ထုတ်မှု လျော့လာခဲ့ပါတယ်။  ဟော်မုန်းအပြောင်းအလဲကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ အသက် ၄၅ – ၅၀ အရောက်မှာ ဒီပြဿနာဖြစ်တတ်ပါတယ်။

ဆီးချို သွေးချိုလို ရောဂါမျိုးဟာ ဦးနှောက် တစ်သျှူးတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ မျက်ရည်စွန့်ထုတ်မှုဖြစ်စဉ်ကို ဆီးချို သွေးချိုနဲ့ ဆိုင်တဲ့ အာရုံကြောထိခိုက်မှုကနေ နှောင့်ယှက်ပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓါတ် များလာတဲ့အခါမျိုးမှာ မျက်ရည်ခြောက်သွေ့ခြင်းဟာ ထိန်းချုပ်မရတဲ့ အထိ ဖြစ်နိုင်ပါတယ်။

သန္ဓေသားဆေး ၊ ဓါတ်မတည့်မှု သက်သာစေတဲ့ ဆေး ၊ စိတ်ကျဝေဒနာသည်အတွက် ပေးတဲ့ ဆေးနဲ့ နှာစေး နှာပိတ်သမားတွေကို ပေးတဲ့ ဆေးတွေအပြင် ပါကင်ဆန် ဝေဒနာနဲ့ သွေးတွင်း သကြားဓါတ်များမှုအတွက် ပေးတဲ့ ဆေးတွေကြောင့်လည်း မျက်လုံး ခြောက်နိုင်ပါတယ်။

Screen ကို အကြာကြီး ကြည့်မိချိန်မှာ မျက်တောင်ခတ်ခြင်း နည်းသွားတာကလည်း မျက်လုံးခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။ လေတိုက်ထဲမှာ အကြာကြီး နေမိတာ ၊ ပတ်ဝန်းကျင်မှာ မီးခိုးများပြီး ခြောက်သွေ့နေတာဟာ မျက်ရည်ခန်းခြောက်မှုကို ပိုဖြစ်စေတတ်ပါတယ်။ လေဆာနဲ့ မျက်လုံးပါဝါဖျောက်တဲ့ LASIK ကုသမှုကလည်း မျက်လုံး ခြောက်မှုကို ပိုဆိုးစေပါတယ်။