လူလတ်ပိုင်းအရွယ်လို့ ဆိုရမယ့် အသက် ၃၀ ရောက်ချိန်မှာ သင်ဟာ လူသစ်တစ်ယောက်ဖြစ်သွားပါပြီ။ နေရာတိုင်းမှာ လူငယ်တစ်ယောက်လိုချည်း နေထိုင်ပြုမူလို့ မဖြစ်တော့ပါဘူး။ အခုတစ်ခေါက်မှာ အသက် ၃၀ တန်း ရောက်လာသူတို့ ရှောင်ကြဉ်ဖို့ ဖက်ရှင်အမှား ၅ မျိုးအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) လူငယ်စတိုင်နဲ့ ဆက်နေခြင်း

အထက်တန်းကျောင်းတုန်းက ဖက်ရှင်မျိုးကို လူလတ်ပိုင်းမှာ ဝတ်လို့ မဖြစ်တော့ပါဘူး။ အသက် ၂၀ လောက်က ဝတ်ခဲ့တဲ့ ဂျင်းဘောင်းဘီခပ်ပွပွကြီးတွေနဲ့ ကြောင်ကြောင်ကျားကျားတီရှပ်တွေ ဆက်မဝတ်ပါနဲ့တော့။ ဆံပင်ပုံစံကအစ အရွယ်နဲ့ လိုက်ဖက်အောင် သပ်ရပ်ပြီး ကြည့်ကောင်းတဲ့ဒီဇိုင်း ပြောင်းရတော့မှာပါ။

(၂) Personal Style မသိခြင်း

အသက် ၃၀ မှာ ကိုယ်ပိုင်စတိုင်နဲ့ နေသင့်ပါပြီ။ ကျောင်းတုန်းကလို ကိုယ်အားကျတဲ့ အဆိုတော်ရဲ့ ဆံပင်ပုံစံနဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ဒီအချိန်မှာ လုံးဝနှုတ်ဆက်သင့်ပြီ ဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်မှာ ကိုယ့်ကို လူတွေ ဘယ်လိုမြင်စေချင်သလဲ ဆိုတဲ့အပေါ် အခြေခံပြီး ဖက်ရှင်ပြောင်းရမှာပါ။

(၃) ကျောပိုးအိတ်လွယ်ခြင်း

အရွယ်ရောက်ပြီးသူတွေဟာ တောတွင်းခရီးဝေးသွားတာမှ မဟုတ်ရင် ကျောပိုးအိတ်မလွယ်ကြပါဘူး။ တက္ကသိုလ်ကျောင်းသားအရွယ်အထိ ကျောပိုးအိတ်လွယ်တာ လက်ခံလို့ ရပေမယ့် အသက် ၃၀ မှာ ကျောပိုးအိတ်နဲ့ လျှောက်သွားနေတာ ကြည့်မကောင်းပါဘူး။ ကျောပိုးအိတ်ကို Gym သွားမှပဲ ပစ္စည်းပစ္စယထည့်ဖို့ လွယ်သင့်ပါတယ်။

(၄) ကလေးဆန်တဲ့ Jeans နဲ့ Shoes တွေ ဝတ်ဆင်ခြင်း

အသက် ၃၀ လည်း Jeans တွေ ဝတ်လို့ရပါတယ်။ ပိုဝတ်သင့်တာကတော့ Jeans အစား Chinos နဲ့ Dress Pants တွေ ဝတ်သင့်ပါတယ်။ Jeans ဝတ်မယ်ဆိုရင်လည်း ဆယ်ကျော်သက်တွေလို ဒူးတွေ ပေါင်တွေ ဖြဲထားတဲ့ စတိုင်မျိုး ရှောင်သင့်ပါတယ်။

စီးစရာအနေနဲ့ ခြေညှပ်ဖိနပ်တွေပဲ စီးမယ့်အစား Sneakers တွေ Shoes တွေ Heels တွေကို ရွေးချယ်သင့်ပါတယ်။

(၅) ဖြစ်သလို ဝတ်စားခြင်း

အဝတ်အစား ဝတ်ရာမှာ အရင်လို ဖြစ်သလို ဝတ်တာမျိုး မလုပ်ပါနဲ့တော့။ Pant နဲ့ ရှပ်ဝတ်ရင် ဘောင်းဘီထဲ အင်္ကျီအောက်အနားစကို ထည့်ဝတ်တာမျိုး လုပ်ပါ။ အင်္ကျီဘောင်းဘီတွေကို သပ်သပ်ရပ်ရပ် လျှော်ဖွပ်ပြီး မီးပူထိုး ဝတ်ပါ။ ဖိနပ်တွေကိုလည်း ပြောင်နေအောင် တိုက်ထားသင့်ပါတယ်။