မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ Jennifer Lopez ဆိုတာနဲ့ အသံပါဝါကောင်းကောင်း၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်ပုံစံကို ပြေးမြင်မိမှာပါ။ သူအောင်မြင်ခဲ့တာ ကျွန်မတို့ ငယ်ငယ်လေးတည်းကပါ။ အသက် ၅၀ အရွယ်အထိ လှဆဲ ခန္ဓာကိုယ်ကို ထိန်းထားနိုင်ဆဲပါ။

ဒီလိုထိန်းထားနိုင်တဲ့ လျို့ဝှက်ချက်ကတော့ အားကစားပုံမှန်လုပ်တာ၊ အာဟာရမှန်မှန်ကန်ကန် စားတာတွေကြောင့်ပါ။ ကျွန်မတို့ ပျိုမေတွေကော သူ့လို အသက်ကြီးတဲ့အချိန်အထိ လှလှပပမနေချင်ဘူးလား။

ဒါကြောင့် JLO ရဲ့ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်း ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်း ငါးခုကိုတော့ JLO ရဲ့ Personal Trainer ဖြစ်တဲ့ Tracy Anderson က ပြသထားတာပါ။ ဒီမှာ သတိထားရမှာက လေ့ကျင့်ခန်းလုပ်ချိန် ခြေချင်းဝတ်မှာ 2 kg လေးတဲ့ အလေးချိန် ထည့်ထားတာပါ။ လေ့ကျင့်ခန်းတိုင်းက တစ်ဖက်စီကို အခါ သုံးဆယ်လုပ်ရမှာပါ။

Source: Pinterest.com

လေ့ကျင့်ခန်း ၁

ရောဂဖျာပေါ်မှာ တံတောင်ထောက်ရပါမယ်။ လေးဖက်ထောက်ပုံစံဖြစ်ရပါမယ်။ တံတောင်က ပုခုံးအောက်နဲ့ ဒူးက တင်ပါးအောက်ဖြစ်ရပါမယ်။ ပထမဆုံး ပုံ A ထဲကအတိုင်း ဘယ်ဒူးကို ရင်ဘတ်ဆီ ဆွဲပါ။ ပြီးတာနဲ့ ပုံ B အတိုင်း နောက်ပြန်ကန်ရပါမယ်။ ဘယ်ညာ အခါ ၃၀ ပါ။

လေ့ကျင့်ခန်း ၂

ဘယ်ဒူးထောက်ထားပြီး ညာခြေကို ပုံ A ထဲကအတိုင်း ထားပေးပါ။ ခါးထောက်ထားပါ။ ခန္ဓာကိုယ်ကို ပုံ B အတိုင်း ထောက်ရပါမယ်။ ညာခြေကို အပေါ် မြှောက်ပေးရပါမယ်။ လက်ချိတ်ထားရပါမယ်။ ပြီးတာနဲ့ ပုံ A ပုံစံပြန်သွားပေးပါ။ ပခုံးကို အားမပြုမိဖို့ သတိထားပါ။

လေ့ကျင့်ခန်း ၃

ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့နီးအောင် ပုံ A ထဲကအတိုင်းထားပေးပါ။ လက်တွေကိုလည်း ပုခုံးအောက်မှာထားပါ။ ဘယ်ခြေကို ကွေးပြီး ခြေချင်းဝတ်ကို ညာခြေပေါ် ကွေးတင်ပေးပါ။ ပြီးတာနဲ့ ခန္ဓာကိုယ်ကို အပေါ်ထောင်ရပါမယ်။ ဘယ်ခြေကို အပေါ်ထောင်ပေးရပါမယ်။ ညာဒူးနဲ့ အားပြုထားရပါမယ်။ ပြီးတာနဲ့ နဂို A ပုံစံအတိုင်း ပြန်သွားပေးပါ။

လေ့ကျင့်ခန်း ၄

ညာဘက်နဲ့ အားပြုပြီးထိုင်ပေးပါ။ ဘယ်လက်ကို ဘယ်ခါးပေါ်တင်ထားပါ။ ဘယ်ဘက်ခြေထောက်ကို ရှေ့မှာ ပုံ A ထဲအတိုင်းထားပေးပါ။ ပြီးတာနဲ့ တင်ပါးဆုံကို အပေါ်မတင်ရပါမယ်။ ဘယ်ခြေထောက်ကို ပုံ B ထဲအတိုင်း အပေါ်မြှောက်ပေးရပါမယ်။ ပြီးရင် ပုံ A ဆီပြန်သွားရပါမယ်။

လေ့ကျင့်ခန်း ၅

ညာလက်ကို ရင်ဘတ်အောင်ထားပေးပါ။ ခေါင်းနဲ့ ညာဘက် ပုခုံးက ကြမ်းပြင်ပေါ်ကပ်နေပါမယ်။ ဘယ်လက်ကိုတော့ ထောက်ဖို့အတွက် ထားပေးရပါမယ်။ တင်ပါးဆုံကို မတင်ပေးရပါမယ်။ ဘယ်ခြေကို ဘေးဘက်မြှောက်တင်ရပါမယ်။ ခြေချောင်းတွေနဲ့ အားပြုထောက်ထားပါ။ ညာဘက်ဒူးကို အားပြုထားပေးပါ။ ပြီးတာနဲ့ ပုံ A ကိုပြန်သွားပေးပါ။

Source: www.health.com

By MyStyle Myanmar