စာဖတ်ပရိသတ်တွေထဲမှာ သက်သက်လွတ်စားတဲ့သူတွေရှိလား။ အခုပြောပြချင်တာကတော့ နာမည်ကြီးအနုပညာရှင်တွေထဲက သက်သက်လွတ်စားတဲ့ ချစ်စရာအနုပညာရှင်ဆယ်လီ (၅) ယောက်ကို ပြောပြမှာပါ။ ဒါဆို ကိုယ်ကြိုက်တဲ့ အနုပညာရှင်များပါမလား ကြည့်လိုက်ရအောင်။

(၁) Ariana Grande

ကဲ ပထမဆုံးတယောက်ကတော့ အဆိုတော်အနုပညာရှင် အားလုံးရဲ့အချစ်တော် Ariana Grande ပဲ ဖြစ်ပါတယ်။ သူမက ၂၀၁၄ ခုနှစ်ကစပြီး သက်သက်လွတ်စားခဲ့တာပါလို့ မဂ္ဂဇင်းတစ်ခုရဲ့အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ သူမက “ကျမ တိရိစ္ဆာန်လေးတွေ အားလုံးကိုချစ်တယ် လူတွေထက်ကို ပိုချစ်တာပါ” လို့ ပြောပါ တယ်။ ဒါ့ကြောင့်လည်း သူမ ချစ်တဲ့ တိရိစ္ဆာန်လေးတွေအတွက် သက်သက်လွတ်စားခဲ့တာဖြစ်ပါတယ်။

(၂) Liam Hemsworth

နောက်တယောက်က The Hunger Games ရုပ်ရှင်ထဲက နာမည်ကြီးမင်းသားချော Liam Hemsworth ပါ။ သူကတော့ ၂၀၁၅ ခုနှစ်ကစပြီး သက်သက်လွတ်စားပါတယ်တဲ့။ “ကျွန််တော့်ရဲ့ ကျန်းမာရေးအတွက်ရယ် တိရိစ္ဆာန်လေးတွေကို မတရားပြုမူဆက်ဆံနေတဲ့ အကြောင်းတွေ လေ့လာသိရှိပြီးတဲ့နောက် ကျွန်တော်အသားကိုလုံးဝဆက်မစားနိုင်တော့ပါဘူး” လို့ သူကပြောပါတယ်။ ဒါ့အပြင် သူက သူ့ရဲ့အကိုအကြီးဆုံးဖြစ်တဲ့ Chris Hemsworth ကိုလည်း သက်သက်လွတ်စားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

(၃) Natalie Portman

Black Swan ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီး Natalie Portman ကလဲ သက်သက်လွတ်စားရတာ နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမကိုယ်ဝန်ဆောင်စဉ်ကတောင် လိုအပ်တဲ့အသားဓါတ်ကို ကြက်ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲ ရခဲ့တယ်လို့ ဆိုပါတယ်။ ကြက်ဥကို သူအရမ်းကြိုက်ခဲ့ပေမယ့် ခုတော့ လုံးဝကို မကြည့်တော့ဘူးလို့ ဆိုပါတယ်။

(၄) Carrie Underwood

အမေရိကန်အိုင်ဒေါဆုနဲ့ ဂရမ်မီဆုရှင် အဆိုတော် Carrie Underwood က သူမဟာ သက်သက်လွတ်စားဖို့ကို ရူးရူးမူးမူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာရှင်ဖြစ်တဲ့အတွက် သက်သက်လွတ်စားတာဟာ ခရီးသွားတဲ့ အချိန်တွေအတွက်တော့ အခက်အခဲနည်းနည်းရှိတယ်လို့လည်း သူမက ပြောပါတယ်။

(၅) Forest Whitaker

သရုပ်ဆောင် Forest Whitaker ဟာ ၂၀၀၆ ခုနှစ်က The Last King of Scotland ရုပ်ရှင်နဲ့အကယ်ဒမီ ဆုရပြီးတဲ့နောက် ကိုယ်အလေးချိန်ကျအောင် အသားလုံးဝမစားဖို့ကို သူသိခဲ့ပါတယ်။ ရုပ်ရှင်ထဲက သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် ကိုယ်အလေးချိန်အတော်လေးချခဲ့ရပြီး သက်သက်လွတ်စားတာက အဲ့လောက်မခက်ခဲပါဘူးလို့လဲ သူက အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါတယ်။