စာဖတ်သူတို့အားလုံးပဲ မင်္ဂလာပါနော်။ ခန္ဓာကိုယ် ကျစ်လျစ်လှပစေတဲ့လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဝင်စားသူတွေ ကျန်းမာရေးလိုက်စားသူတွေအတွက် လူတိုင်းအတွက်လုပ်လို့ အဆင်ပြေတဲ့ Fitness တွေကို မျှဝေပေးချင်ပါတယ်။

၁။ HIIT (High-intensity interval training)

ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ HIIT လေ့ကျင့်ခန်းကလည်း အသစ်တစ်ခုတော့မဟုတ်ပါဘူး။ ခုန်ပေါက်ပြီး ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။

၂။ အုပ်စုလိုက်လုပ်ရတဲ့ လေ့ကျင့်ခန်း သင်တန်းများ

အုပ်စုလိုက် လေ့ကျင့်ရတဲ့ သင်တန်းတွေကလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေကြားမှာ ပိုပြီးရေပန်းစားလာမယ်လို့ ဆိုပါတယ်။

၃။ Fitness စမတ်နာရီ

ဒါကတော့ Gym တကူးတကသွားဖို့ (သို့) သင်တန်းတကူးတက တက်ဖို့ အချိန်မပေးနိုင်သူအတွက် သိပ်ကိုအရေးပါလှပါတယ်။ ဒီလိုနာရီမျိုးကလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေကြားမှာ ရေပန်းစားလျက်ရှိနေပါတယ်။

၄။ Bodyweight ထရိန်နင်များ

ကိုယ်ခန္ဓာ လှဖို့ ဆော့ကြတဲ့ Bodywight ထရိန်နင်တွေကလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေကြားမှာ ပိုပြီးရေပန်းစားလာနေပါတယ်နော်။ Squat ထိုင်တာ၊ Burpee ခုန်တာ၊ ဒိုက်ထိုးတာတို့လို ကိုယ်အလေးချိန်လှဖို့ ဆော့ကြတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ပေးသင့်ပါတယ်။

၅။ ယောဂလေ့ကျင့်ခန်း

ယောဂလေ့ကျင့်ခန်းကလည်း စိတ်ကိုတည်ငြိမ်စေပြီး ပုံမှန်လုပ်သူတွေဆို အရွယ်တင်နုပျိုစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်း စတာတွေကိုလည်း လုပ်ပေးသင့်ပါတယ်။

၆။ အကြောလျှော့ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးရင် အကြောလျှော့ဖို့သိပ်ကိုအရေးကြီးပါတယ်။ မဟုတ်ရင် အကြောတင်းပြီး ကိုယ်လက်မအီမသာဖြစ်နေမှာပါနော်။