ငါးကြီးဆီကိုစားပေးတာက လူ့ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ဘယ်လိုကောင်းကျိုးတွေ ရရှိလာမလဲဆိုတာကိုတော့ အသေးစိတ်မသိကြတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် ငါးကြီးဆီကိုစားပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးနဲ့အလှအပဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

တချို့အသားအရေတွေမှာဆိုရင် အသားအရေနီမြန်းရောင်ရမ်းတာတွေ ခဏခဏဖြစ်ပါတယ်။ ငါးကြီးဆီကို ပုံမှန်စားပေးရင်တော့ ဒီလို အသားအရေမှာ အထူးသဖြင့် မျက်နှာမှာဖြစ်လေ့ရှိတဲ့ အသားအရေ နီမြန်းရောင်ရမ်းတာ လျော့ကျပြီး သက်သာလာစေပါတယ်။

ငါးကြီးဆီကို ပုံမှန်စွဲသောက်ပေးခြင်းက အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပွားမှုကို နှေးစေပါတယ်။ တချို့ဆိုရင် အသက်မကြီးသေးပဲ ၂၀ ကျော်လောက်နဲ့ အရေးအကြောင်းပေါ်နေတာမျိုးတွေ ရှိပါတယ်။ ဒီလိုတွေ မြန်မြန်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ငါးကြီးဆီက အသားခြောက်နေရင် အသားအရေစိုပြည်စေပါတယ်။ ဒါ့အပြင် အနီပိမ့်တွေထပြီးယားတတ်တဲ့ အရေပြားရောဂါတစ်မျိုးကိုလည်း သက်သာစေပါတယ်။

ငါးကြီးဆီကိုသောက်ပေးခြင်းက သွေးစီးဆင်းမှုကောင်းမွန်စေပြီး ဆံပင်ကျွတ်တာသက်သာစေပါတယ်။ ဒါကြောင့် ဆံပင်သန်ပြီး အရင်ထက်အုံထူလာစေပါတယ်။

ငါးကြီးဆီကိုသောက်ပေးခြင်းက ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။

ငါးကြီးဆီက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

ငါးကြီးဆီသောက်ရင် အစာများများစားပြီး ဝလာတယ်လို့ တချို့က သတ်မှတ်ကြပါတယ်။ တကယ်တော့ ငါးကြီးဆီသောက်တာက မလိုအပ်တဲ့အဆီတွေကို ဖယ်ရှားပေးပြီး ကိုယ်ရည်စစ်သွားစေတာကြောင့် ဝိတ်ကျစေပါတယ်။

ငါးကြီးဆီကိုသောက်ပေးခြင်းက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေထိခိုက်ပျက်စီးတာကိုလည်း သက်သာစေပါတယ်။