မျက်နှာပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ့်ရဲ့ မျက်နှာပုံကျပုံနဲ့ ဆံပင်ပုံစံ ရွေးချယ်ပုံကလည်း သိပ်ကိုအရေးကြီးလှပါတယ်။ ဒါမှ ကိုယ့်နဲ့လည်း အံဝင်ခွင်ကျဖြစ်နေမှာပါ။

မျက်နှာပုံတွေကတော့ ဘဲဥပုံ၊ မျက်နှာရှည်ရှည်၊ အဝိုင်း၊ လေးထောင့်၊ အသည်းပုံ၊ စိန်ပုံ တို့ပဲဖြစ်ပါတယ်။

မျက်နှာအဝိုင်း နဲ့ ဆံပင်ပုံ

အတို

ဆံပင်အတိုညှပ်မယ်ဆိုရင် အခုပုံမှာပြထားတဲ့ ပုံလေးက လိုက်ဖက်မှုရှိပါတယ်။ တချို့က မျက်နှာဝိုင်းတယ် မျက်နှာကြီးတယ်ဆိုပြီး ဒီလိုဆံပင်ပုံ မညှပ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း လိုက်ဖက်မှုရှိပါတယ်။

မျက်နှာအဝိုင်းနဲ့ ဆံပင်အရှည်

အခုဆံပင်ပုံလေးကလည်း မျက်နှာဝိုင်းသူတွေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ရှည်ထားမယ်ဆိုရင်လည်း မေးရိုးကားတာကို ဖုံးသွားအောင် ညှပ်ပေးရင် လိုက်ဖက်ပါတယ်။

အသည်းပုံ နဲ့ စိန်ပုံ မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံ

အသည်းပုံ မျက်နှာပုံစံနဲ့ အခု ဆံပင်ပုံကလည်း လိုက်ဖက်ပါတယ်။

ဆံပင်ရှည်ရှည်ထားမယ်ဆိုရင်  အခုလို ဆံပင်ပုံလေးက လိုက်ဖက်တဲ့ ဆံပင်ပုံလေးပါ။

တေလာဆွစ်လေးလို ဆံပင်ကို အရှေ့မှာ ဆံမြိတ်ချပြီး ညှပ်မယ်ဆိုရင်လည်း လိုက်ဖက်ပါတယ်။

ဘဲဥပုံ (သို့) မျက်နှာရှည်ရှည် နဲ့ ဆံပင်အတို

ဒီလိုမျက်နှာပိုင်ရှင်လေးက ဆံပင်ကို လုံး၀ ယောကျ်ားကေလို တိုလိုက်တာမျိုးမဟုတ်ဘဲ မေးစေ့နားတစ်ဝိုက်နားထိ အနောက်တိုတို အရှေ့ဖက်ရှည်ရှည် ပုံစံမျိုးက လိုက်ဖက်ပါတယ်။

မျက်နှာရှည်ရှည် (သို့) ဘဲဥပုံမျက်နှာနဲ့ ဆံပင်ရှည်ရှည်

ဒီလိုမျက်နှာပိုင်ရှင်လေးနဲ့ အခုလို ဆံပင်ပုံစံလေးကလည်း လိုက်ဖက်ညီလှပါတယ်။ ပုခုံးနားလေးမှာ ဆံပင်ကို လိုင်းကြီးပုံလေး နည်းနည်းပုံသွင်းထားတာနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်အရှေ့နားကို ဘေးချပြီး ဆံပင်ကောက်ပေးထားတဲ့ ဒီပုံစံလေးကလည်း လိုက်ဖက်ပါတယ်။

လေးထောင့်ပုံ မျက်နှာပုံစံ/ စိန်မျက်နှာပုံစံ နဲ့ ဆံပင်ကေ

မျက်နှာလေးထောင့်ကျတဲ့သူနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ အတိုအရှည်တွေကို မျှဝေပေးလိုက်ပါတယ်။ မေးရိုးနားအပေါ်ဖက်ထိ ခပ်မြင့်မြင့်လေး ညှပ်ပေးပါ။

ပုခုံးနားထိပဲ ဆံပင်အရှည်ထားမယ်ဆိုရင် အခုလိုဒီဇိုင်းမျိုးနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်အကောက်လေးနဲ့လည်း လိုက်ဖက်ပါတယ်နော်။ မေးရိုးနားလေးကို ဖုံးပြီး ညှပ်ပေးတာက မျက်နှာသွယ်သယောင်လေးဖြစ်စေပါတယ်။