လက်သည်းတွေ ခဏခဏ ကျိုးပဲ့နေလို့ စိတ်ညစ်နေလား။ လက်သည်းသာမက ခြေသည်းလေးတွေလည်း အရှည်နှေးနေလို့ စိတ်မညစ်ပါနဲ့တော့နော်။ သဘာဝနည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေပြီး ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့ သင့်လက်သည်းလေးတွေအတွက်လည်းကောင်းမွန်ပါတယ်။ ပျားရည်နည်းနည်းနဲ့ လက်သည်း ခြေသည်းတွေမှာပွတ်ပြီးလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင် ရေဆေးချပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။ ဒါဆိုရင် လက်သည်းခြေသည်းတွေမှာ မှိုစွဲတာတွေကိုလည်း သက်သာစေမှာပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူတာ ကျန်းမာရေးအတွက်ကောင်းမွန်စေရုံသာမကဘဲ အလှပအတွက်လည်း အသုံးပြုလို့ရပါတယ်။ ကြက်သွန်ဖြူ တစ်မွှာကို ကျိတ်လိုက်ပြီး လက်သည်းခြေသည်းတွေမှာ ပွတ်လိမ်းပေးပါ။ သံလွင်ဆီနဲ့ ရောပြီးလိမ်းပေးချင်လည်းရပါတယ်။ ၄ နာရီလောက်ထားပြီးရင် ရေအေးအေးနဲ့ဆေးချပါ။ နေ့တိုင်းလုပ်ပေးပါ။

၃။ ဆား

ဆားကလည်း သင့်လက်သည်အတွက်ကောင်းမွန်ပါတယ်။ ဆားကိုရေနဲ့ရောပြီး လက်နဲ့ ခြေထောက်ကို မိနစ် ၂၀ လောက်စိမ်ထားပေးပါ။ အုန်းဆီကိုလည်း ထည့်ချင်ထည့်လို့ရပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

၄။ ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ကို လက်သည်းခြေသည်း မှိုစွဲတာကိုလည်း သက်သာပျောက်ကင်းစေပြီး လက်သည်းပြန်လည်ရှည်လာစေပါတယ်။

ပန်းသီးရှလကာရည် (Apple Cider Vinegar) ကို ရေနဲ့ရောပြီး လက်သည်းနဲ့ ခြေသည်းတွေမှာ လိမ်းပေးကာ မိနစ် ၃၀ လောက်ထားပါ။ ဒါမှမဟုတ် ဝါဂွမ်းစကို ပန်းသီးရှလကာရည်စွတ်ပြီး လက်သည်းခြေသည်းတွေမှာ လိမ်းပေးလို့ရပါတယ်။ နေ့တိုင်းလုပ်ပေးပါ။

၅။ သံပုယိုသီး (သို့) သံပုရာသီး

မိမိအဆင်ပြေတာကို သုံးလို့ရပါတယ်။ လက်သည်းခြေသည်းတွေကို ဖြူစေမှာဖြစ်ပြီး အမြန်ဆုံး ရှည်လာစေမှာပါ။ သံပုယိုသီး (သို့) သံပုရာသီးကို လက်သည်းမှာ တိုက်ရိုက်ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ရုံပါပဲ။ နေ့တိုင်းလိုလို ပြုလုပ်ပေးနိုင်ပါတယ်။