ဗောက်တွေကို သဘာဝနည်းလမ်းနဲ့သက်သာအောင်လုပ်လို့ရတယ်ဆိုတာ သင်သိပါသလား။ ဗောက်ပြဿနာဟာ လူတိုင်းနီးပါးကြုံတွေ့နေရတဲ့ ပြဿနာဖြစ်တာကြောင့် ဗောက်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ဗောက်ထရာမှာ ဦးရေပြားအဆီပြန်တာနဲ့ ဦးရေပြားခြောက်တာကြောင့်ဖြစ်နိုင်ပါတယ်။
ဦးရေပြားအဆီပြန်လို့ ဗောက်ထတဲ့သူတွေအတွက်
မုန့်ဖုတ်ဆိုဒါ
Baking Soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါဟာ သင့်ဦးရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးသလို အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။
ပါဝင်ပစ္စည်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း
နှင်းဆီရေ စားပွဲတင်ဇွန်း ၅ ဇွန်း
(နှင်းဆီရေလုပ်နည်း – နှင်းဆီးပွင့်ဖတ် လတ်လတ်ဆတ်ဆတ်ကို အပွင့်ချွေကာ ရေသေချာဆေးပြီး ရေနွေးနဲ့ ကျိုလိုက်ပါ။ ပြီးရင် အအေးခံပြီး သုံးလို့ရပါပြီ။)
ပြုလုပ်နည်း
မုန့်ဖုတ်ဆိုဒါနဲ့ နှင်းဆီရေနဲ့ ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဆံပင်ကို အရင်ဆုံး ရေစိုအောင်လုပ်လိုက်ပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးကာ ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းလျှော်တိုင်းလုပ်ပေးနိုင်ပါတယ်။
ဦးရေပြားခြောက်လို့ ဗောက်ထတဲ့သူတွေအတွက်
ထောပတ်သီးနဲ့ အုန်းဆီ
အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
ထောပတ်သီးမှည့်ကို အခွံနွှာပြီး ပြဲအောင်လုပ်လိုက်ပါ။ ပြီးရင် အုန်းဆီရောလိုက်ပါ။ အဲဒီနောက် ဦးရေပြား ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင် ခေါင်းလျှော်ချပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်နိုင်ပါတယ်။
ပျားရည်နဲ့ ကြက်ဥ
ကြက်ဥ ၁ လုံး
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး ကြက်ဥကို ခွဲပြီးသေချာခလောက်လိုက်ပါ။ ပြီးရင် ပျားရည်ထည့်လိုက်ပါ။ အဲဒီနောက် ဦးရေပြားနဲ့ဆံပင်အရင်းကနေ အဖျားထိလိမ်းလိုက်ပြီး မိနစ် ၂၀ လောက်ထားကာ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။