လူတော်တော်များဟာ အချစ်ကိုစပြီး ခံစားရတဲ့သူတိုင်းက ကဗျာတွေ သီချင်းလေးတွေ ဖွဲ့နွဲ့တတ်လာတယ်လို့ ဆိုတတ်ကြတယ်။ တကယ်တော့ ကဗျာသီချင်းဖွဲ့တတ်လာတာထက် နှလုံးသားက ပူးနွေးလှုပ်ရှားလာပြီး ခံစားတတ်လာတဲ့အခါ သိမြင်ခံစားရတဲ့အရာအားလုံးဟာ နူးညံ့သွားကြပြီး ပျော်ရွှင်စရာလေးတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။

အဲဒီလိုခံစားချက်တွေဖြစ်လာတာဟာ အချစ်ကိုရှာဖွေတွေ့ရှိတဲ့အရာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့်အချက်တွေကို သင်ကိုယ်တိုင်ခံစားနေရပြီဆိုရင်တော့ သင်အချစ်ကိုတွေ့ရှိသွားပြီဆိုတာ သိလိုက်ပါတော့နော်..

(၁) အလိုလိုပျော်နေတဲ့ခံစားချက်


စိတ်ထဲမှာအလိုလိုပျော်နေတဲ့ခံစားချက်က တကယ့်ကို မူးမူးမေ့မေ့ပါပဲ။သူ့အကြောင်းတွေးလိုက်ရင် ၊ သူ့ဆီကမက်ဆေ့ဝင်လာတာတွေ၊ ဖုန်းဆက်လာတဲ့အချိန်မျိုးတွေဆိုရင် စိတ်ထဲမှာ အလိုလိုပျော်နေပြီးရင်ခုန်နေတတ်ပါတယ်။

သူ့ဆီကမက်ဆေ့လေးတစ်ကြောင်းပို့လာတာနဲ့ ကိုယ့်ကိုယ်ကိုယ်သတိမထားမိလောက်အောင် စိတ်လှုပ်ရှားမိတာတွေက တခြားသူတွေ သတိထားမိလောက်တဲ့အထိဖြစ်ရပါတယ်။

(၂) သူ့အကြောင်းပိုသိချင်မိလာတယ်

အရင်ကကိုယ်ကပတ်ဝန်းကျင်ကို ဘာသိဘာသာသဘောထားခဲ့သလောက် အခုတော့သူနဲ့တွေ့တဲ့အခါမှာ သူနဲ့ပတ်သက်တဲ့အသေးအမွှားလေးတွေ၊ သူဝါသနာပါတဲ့အရာ၊ သူသွားတတ်တဲ့နေရာလေးတွေကအစ သိချင်မိလာတယ်။

အဲ့အချိန်ကျရင် ရှက်ကြောက်စိတ်တွေမရှိတော့ပဲ သူငယ်ချင်းတွေကို အကူအညီတောင်းပြီးစုံစမ်းခိုင်းတာတို့ ၊ ကိုယ်ကိုယ်တိုင်သိအောင် ကြိုးစားတာတို့ လုပ်နေမိရင်တော့ သေချာပါတယ် သူ့ကို သင်ချစ်နေပြီဆိုတာပါပဲ။

(၃) ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ်

သင်အချစ်စစ်နဲ့တွေ့ပြီးနောက်ပိုင်းမှာ သင့်အတွက်အရာရာပြည့်စုံနေပြီဆိုတာမျိုးခံစားလာစေမှာပါနော်။ ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်မှု၇ှိလာသလို၊ ပိုပြီးသန်မာလာတယ်လို့လည်း ခံစားရမှာပါနော်။

အဲ့ဒီအခါပြဿနာတစ်ခုခုကြုံတိုင်းအရင်ကလို ယောက်ယက်ခတ်တုန်လှုပ်ခဲ့တာတွေမရှိတော့ပဲ အကောင်းဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းလာနိုင်သလို မဖြေရှင်းနိုင်ဘူးဆိုရင်တောင် ရင်ဆိုင်ဖို့ခွန်အားတွေအပြည့်ရှိနေမှာပဲဖြစ်တယ်။

(၄) သူနဲ့ပတ်သက်တဲ့သူတိုင်းနဲ့အဆင်ပြေအောင်နေတယ်

သင့်အချစ်စစ်နဲ့တွေ့ပြီဆိုတာသိနိုင်တဲ့အချက်တွေထဲမှာ သူ့ကိုချစ်တဲ့အချစ်တွေအပြင် အရာရာကိုအကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်စေတဲ့အချက် လည်း ပါဝင်ပါတယ်။ အထူးသဖြင့် သူနဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ သူ့သူငယ်ချင်းတွေနဲ့အကောင်းဆုံးဆက်ဆံရေးဖြစ်အောင် တည်ဆောက်နိုင်ဖို့ သင်ဘက်ကကြိုးစားနေမိတယ်။

သင်ချစ်ရတဲ့သူနဲ့တွေ့တဲ့အချိန်တိုင်းမှာလည်း အရင်ကထက်ပိုပြီးချစ်သူခင်သူတွေကို ပိုဂရုစိုက်ပြီး တန်ဖိုးထားတတ်လာမယ်။  သင်ချစ်ရတဲ့သူကြောင့် တခြားသူတွေနဲ့သင့်ရဲ့ဆက်ဆံရေးကိုပိုမိုကောင်းမွန်လာအောင်တည်ဆောက်လာနိုင်မယ်။

ကဲ.. My Style ပရိတ်သတ်ကြီးရော..အချစ်စစ်ကိုရှာဖွေတွေ့ရှိနေပြီလား??..ရှိနေပြီဆိုရင် ခံစားချက်ရင်ခုန်သံလေးတွေကို ဝေမျှပေးခဲ့ပါအုံးနော်။