လှတာနဲ့ ဆွဲဆောင်မှုရှိတာမတူပါဘူးနော်။ လောကမှာ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် မလှတဲ့သူ ဆွဲဆောင်မှုမရှိတဲ့သူဆိုတာမရှိပါဘူး။
လူတိုင်းက တစ်ခုမဟုတ်တစ်ခုလှနေတတ်ကြသလို စွဲဆောင်မှုရှိနေ တတ်ပါတယ်။ ဥပမာ နှုတ်ခမ်းလေးကလှတာ၊ မျက်လုံးက ဆွဲဆောင်မှုရှိတာ၊ မျက်ခုံးမွှေးလှတအပြင် ဆွဲဆောင်မှုရှိတဲ့အပြုအမူတွေလည်းအများကြီးရှိပါတယ်။ ဒီထဲကမှ ဆွဲဆောင်မှုရှိသူတို့ရဲ့ လက္ခဏာရပ်တွေကို မျှဝေပေးရမယ်ဆိုရင်တော့
နှုတ်ခမ်း
အမျိုးသမီးတို့ရဲ့ နှုတ်ခမ်းဟာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။ နှုတ်ခမ်းရဲ့ပုံကလည်းအမျိုးမျိုးရှိပါတယ်နော်။
အကြည့်စူးစူး
တစ်ချို့အကြည့်တွေက ကြည့်လိုက်ရင်နဲ့ကို မခံနိုင်စရာ ရင်ဖိုစရာကောင်းလှပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အကြည့်စူးစူးတစ်ချက်ဟာလည်း သင့်ကို တခြားသူတွေသတိထားမိစေပါတယ်။
ပုလဲလိုဖြူဖွေးတဲ့ သွား
ပုလဲရောင်လေးလို ဖြူဖွေးတဲ့ သွားပိုင်ရှင်တွေကလည်း ဆွဲဆောင်မှုရှိသူတို့ထဲမှာ ပါဝင်ပါတယ်နော်။
ရုပ်ပြောင်ရယ်ခြင်း (သို့) ပြုံးခြင်း
ပြောင်တောင်တောင် နောက်တောက်တောက်လေး ရယ်တတ်ပြုံးတတ်တဲ့သူတွေက မျက်နှာရွှင်တဲ့သူတွေပါ။ ဒါဟာ ဆွဲဆောင်မှုှရှိတဲ့ အမျိုးသမီးတို့ရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။
အသံအောင်တဲ့အမျိုးသမီးတွေ
အသံအောင်တဲ့အမျိုးသမီးတွေဟာလည်း တကယ်ကို ဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်ပါတယ်။
ဟန်ဆောင်ကင်းကင်း ကခုန်ခြင်း
ကလေးတစ်ယောက်လို ဟန်ဆောင်ကင်းကင်းနဲ့ မြူးတူးခုန်ပေါက်တတ်သူတို့ဟာ မိတ်ဆွေသူငယ်ချင်းတို့ ရဲ့ ချစ်ခြင်းကို သိပ်ခံရကြသူတွေပါ။သူတို့ဟာ အရမ်းကိုဆွဲဆောင်မှုရှိပါတယ်။
ကိုယ်ဟန်အမူအရာ
တစ်ခါတလေ စကားနဲ့မဟုတ်ဘဲ ကိုယ်ဟန်အမူအရာက ပြောတဲ့စကားတွေရှိပါတယ်။ မျက်ခုံးပင့်တာ ပုခုံးတွန့်တာစသဖြင့် ကိုယ်ဟန်အမူအရာနဲ့ စကားပြောတတ်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေကိုဆွဲဆောင်နိုင်သူဖြစ်ပါတယ်။
ယုံကြည်မှုအပြည့်ရှိခြင်း
ယုံကြည်မှုရှိတဲ့သူတွေဟာ အမျိုးသားတို့ရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတာဟာ သိပ်ကို ဆွဲဆောင်မှုရှိပါတယ်။
အပြစ်ကင်းတဲ့ မျက်နှာ
အပြစ်ကင်းတဲ့ မျက်နှာပုံစံကလည်း သင့်ကိုစွဲဆောင်မှုပိုစေတဲ့အရာပါ။ သင့်ရဲ့ မျက်နှာသွင်ပြင်အနေအထားအတွက် ခွဲစိတ်ကုသဖို့မလိုပါဘူး။ သင်ဟာဆွဲဆောင်မှုရှိပြီးသားသူဖြစ်ပါတယ်။
စွန့်စားသူ
သတ္တိရှိရိ စွန့်စားတတ်တဲ့အမျိုးသမီးတွေဟာ ဆွဲဆောင်မှုရှိပါတယ်။ အတွေ့အကြုံသစ်တွေကိုအမြဲစိတ်ဝင်တစား ရှာဖွေနေသူ၊ သူ့ရဲ့အတွေ့အကြုံတွေကို ပြန်လည်ဝေမျှတတ်တဲ့သူတွေဟာ လူတိုင်းရဲ့ သဘောကျနှစ်ခြိုက်မှုကိုခံရတဲ့သူတွေပါပဲ။
စာနာတတ်သူ
ကိုယ်ချင်းစာ သနားတတ်တဲ့အမျိုးသမီးတွေဟာ သိပ်ကို ဆွဲဆောင်မှုရှိတဲ့သူတွေပါပဲ။ ပေးကမ်းကူညီတတ်သူဟာ ကံကောင်းကြသလို၊ လူတိုင်းရဲ့ချစ်ခင်မှုကို လည်းရရှိတတ်ကြပါတယ်။
စာဖတ်သူတို့နဲ့တိုက်ဆိုင်တာ တစ်ခုမကရှိမယ်လို့ ယုံကြည်ပါတယ်နော်။ ဆွဲဆောင်မှုရှိတဲ့စာဖတ်သူတို့ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ။