ကျောင်းစာတွေလုပ်ပြီးပြန်လာရတဲ့အချိန်၊ တစ်နေကုန်အလုပ်လုပ်ပြီး စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းပြီးပြန်လာရတဲ့အချိန်မျိုးတွေမှာ ဒီလိုဇိမ်ရှိစေမယ့်အရာမျိုးတွေကြောင့် ပင်ပန်းတာတွေပျောက်ပြီး ပေါ့ပါးသွားတာမျိုးတွေကို ခံစားချင်တယ်ဆိုရင် လိုက်လုပ်ကြည့်ဖို့ဖော်ပြပေးလိုက်မယ်နော်။

သပ်ရပ်သန့်ရှင်းပြီး လှပနေတဲ့အိပ်ယာလေးပေါ်မှာ အိပ်လိုက်ရတဲ့အချိန်က အရမ်းကိုသက်တောင့်သက်သာရှိပြီး စိတ်ကျေနပ်မှုတွေကိုလည်း ပေးစွမ်းလိုက်နိုင်ပါတယ်။ အိပ်ယာခင်းတွေလဲထားတဲ့အချိန်တွေက သာမန်ရက်တွေနဲ့မတူပဲ ပိုပြီးတော့သက်တောင့်သက်သာရှိတယ်လို့ ခံစားရစေတတ်ပါတယ်။

အိမ်မှာဟင်းမချက်တော့ပဲ အပြင်ကနေဝယ်စားလိုက်တာမျိုးတွေကလည်း ပင်ပန်းလွန်းနေတဲ့အချိန်မှာတော့ ဇိမ်ယူလို့ရတဲ့အချိန်တစ်ခုပေါ့။ ဈေးကြီးပစ္စည်းတွေကို ဝယ်ယူမှဇိမ်ခံနိုင်တာမျိုး မဟုတ်ပဲ ဒီလိုအရာတွေကလည်း တကယ်ကိုနတ်ပြည်ပါပဲနော်။

အခန်းထဲမှာ အမွှေးရနံ့ပါတဲ့ဖယောင်းတိုင်လေးတွေထွန်းပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်တာကလည်း တကယ်ကိုအကျိုးရှိတဲ့ကိစ္စတစ်ခုပါပဲ။ အလုပ်ကနေပြီးပါလာတဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမယ့်နည်းလမ်းကောင်းတစ်ခုပေါ့။

ဝတ်ထားတဲ့ Bra လိုက်ရတဲ့အချိန်တွေကလည်း တကယ်ကိုပေါ့ပါးလန်းဆန်းသွားပြီး ပင်ပန်းတာတွေပျောက်သွားပြီး လွတ်လပ်သွားသလိုမျိုး ခံစားရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ခံစားချက်ကိုလည်း မိန်းကလေးတွေပဲနားလည်တယ်လေ။

မိတ်ကပ်ပစ္စည်းအသစ်လေးတွေကလည်း စိတ်ဖိစီးမှုတွေကိုလျော့နည်းစေတဲ့နေရာမှာ တကယ်ကိုအသုံးဝင်လွန်းနေပါတယ်။ အလှအပကြိုက်တဲ့မိန်းကလေးတွေကတော့ သူတို့ရဲ့ပင်ပန်းမှုတွေက မိတ်ကပ်တွေကြောင့်လည်း ပြေလျော့သွားနိုင်ပါတယ်။

မွှေးပျံ့တဲ့ရနံ့ရှိတဲ့အဝတ်အစားတွေကို ဝတ်ဆင်လိုက်ရတာကလည်း တကယ်ကိုထိရောက်တဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။ အိမ်နေရင်အဝတ်အစားလဲတဲ့အခါမှာလည်း မွှေးပျံ့တဲ့ရနံ့မျိုးကြောင့် အိပ်စက်ခြင်းကိုလည်းထောက်ပံ့ပေးနိုင်မှာပါ။

စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့ဆိုတာက ဈေးကြီးပစ္စည်းတွေကို သုံးစွဲနိုင်မှ ဇိမ်ခံတာမျိုးမဟုတ်ပဲ ဒီလိုအရာမျိုးလေးတွေကို ဖန်တီးပြီးတော့လည်း စိတ်ပင်ပန်းတာတွေကိုပြေလျော့ပေးနိုင်ပါတယ်။

Photo Source: Unsplash