ငယ်ငယ်တုန်းက အမေနဲ့ အနေများသလား အဖေနဲ့ အနေများသလားရှင့်။ အများအားဖြင့်တော့ အမေနဲ့ အနေများကြမယ်ထင်တယ်နော်။ အဖေနဲ့နေတဲ့သူလည်းရှိမှာပါ။
အမေနဲ့ အဖေ ကလေးတွေအပေါ် ဘယ်သူက ပိုချစ်ကြသလဲဆိုရင်တော့ အတူတူပါပဲ။ ကလေးတွေကို မေးလိုက်လို့ အမေနဲ့ အဖေ ဘယ်သူ့ကို ပိုချစ်သလဲမေးရင်လည်း အတူတူပဲလို့ ဖြေကြမယ်ထင်ပါတယ်။
အမှားလုပ်မိရင် အမုန်းခံပြီး ဆူတတ်၊ ငေါက်တတ်၊ အပြစ်ပေးတတ်သလို ချီးမွမ်းစရာကိစ္စရှိရင်လည်း သူများထက်ကို ဝမ်းသာနေတတ်ကြသူတွေပါ။ တစ်ခါတစ်လေ သူတို့ရဲ့သားသမီးတွေက အိမ်ထောင်ပြုပြီး ကလေးတွေရနေတာတောင် သူတို့မျက်စိထဲမှာ ကလေးလို့မြင်နေကြတုန်းပါပဲ။
ဒီနေ့တော့ သားသမီးတွေအပေါ်မှာ ဖခင်မေတ္တာက မိခင်တွေထက်မများရင်တောင်မှ သူတို့ထက်တော့မနည်းဘူးဆိုတာကို ပြသပေးသွားမှာပါ။
တစ်နေကုန်အလုပ်လုပ်ခဲ့ပြီးလည်း မမောမပန်းနိုင်ဘဲ မိဘတာဝန်ကျေပွန်ရပါတယ်
အဖေတူသား
သူတို့နဲ့အတူ စားချင်တာလေးအတူချက်ပြုတ်မယ်
သားသမီးတွေအတွက် အကောင်းဆုံး ရှေ့ဆောင်လမ်းပြပါ
လက်သည်းနီဆိုးတတ်သွားပြီ
သမီးတွေမွေးထားရင် အမြဲတမ်းလှနေမယ်
ဇိမ်ကိုကျနေတာပဲ
ဆိုင်ကို တကူးတက သွားစရာမလိုတော့ဘူး
အဖေဆိုတာ သားသမီးတွေရဲ့ ဟီးရိုးပါ
လက်ဖက်ရည်ဧည့်ခံပွဲကျင်းပတိုင်း ဆော့ကြမယ်
ဖခင်ဖြစ်လာတဲ့ခံစားချက်က ဘာနဲ့မှနှိုင်းလို့မရဘူး
အချိန်ပြည့် လက်ကမ်းပေးထားမှာပါ
ဝါသနာပါတာ အတူတူလုပ်ကြမယ်
ဖခင်ရယ်လို့ဖြစ်လာရင် တာဝန်ဘယ်လောက်ကြီးလေးလေး ကျေပွန်နိုင်အောင်ကြိုးစားကြတယ်
Image Source: BrightSide