ခန္ဓာကိုယ်မှာ အဆီတွေများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကြွက်သားတည်ဆောက်ဖို့နဲ့ အဆီလောင်ကျွမ်းတာကို တစ်ပြိုင်နက်တည်းဖြစ်တေဲ့ ယောဂ Pose တွေကို ဝေမျှပေးချင်ပါတယ်။ အခုပြောပြပေးမယ့်လေ့ကျင့်ခန်းတွေက ဟန်ချက်ညီမှုကို ဦးစားပေးတာမလို့ ကယ်လိုရီများကို ပုံမှန်ထက် ပိုပြီးလောင်ကျွမ်းစေပါတယ်။

Plank

ပုံမှန်ထောက်နေကျ Plank ပုံစံမျိုးမဟုတ်ဘဲ လက်ကိုဆန့်တန်းပြီး‌ ထောက်ကြည့်ပါ။ အနည်းဆုံး စက္ကန့် 30 မှ 60 အထိ ထိန်းထားနိုင်အောင် ကြိုးစားကြည့်ပါ။

Adho Mukha Savasana

ခန္ဓာကိုယ်က ‘V’ ပုံစံ ပြောင်းပြန်ဖြစ်အောင် စောနက Plank ကိုမှ တင်ပါးကို အပေါ်မြှောက်ပြီး ခေါင်းကို အောက်စိုက်လိုက်ပါ။ လိုအပ်ရင်တော့ ဒူးကို နည်းနည်းကွေးလိုက်ပါ။

High Lunge

ရှေ့ကိုမျက်နှာမူလိုက်ပါ။ ပြီးရင် ညာဘက်ဒူးကို ရှေ့ထုတ်ပြီး 90 ဒီဂရီ ထောင့်ချိုးပုံစံထားလိုက်ပါ။ ဘယ်ခြေကို အနောက်ကိုထုတ်လိုက်ပါ။ ဟန်ချက်ညီအောင် လက်နှစ်ဘက်ကိုအပေါ်ကို ဆန့်ထားလိုက်ပါ။ နောက်တဘက်ကိုလည်း အတူတူလုပ်ပေးပါ။

Utkatasana

အရင်ဆုံး‌ ခြေထောက်နှစ်ဘက်ကိုပူးပြီး မက်တပ်ရပ်လိုက်ပါ။ ဒူးကိုနည်းနည်းကွေးပြီး တင်ကိုအနောက်ထုတ်လိုက်ပါ။ ကယ်လိုရီ လောင်ကျွမ်းမှုများအောင် လက်နှစ်ဖက်ကို မြှောက်ထားပါ။

Navasana

ထိုင်နေတဲ့ အနေအထားကနေ ခြေထောက်တွေကို ဖြည်းဖြည်းချင်းမြှောက်ပြီး ကျောကို မတ်မတ်ထားလိုက်ပါ။ လက်တွေကို ဆန့်တန်းထားလိုက်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်ရဲ့အောက်ပိုင်းကြွက်သားတွေကို ထိရောက်စေပါတယ်။