Cardio ဆိုတာကတော့ ခုန်ပေါက်ပြီးဆော့ကစားရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး အဆီကို အမြန်ဆုံးနဲ့ ထိထိရောက်ရောက်ကျစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် တစ်ပေါင်လောက်ကျဖို့ ကယ်လိုရီ ၃၅၀၀ လောက် လောင်ကျွမ်းဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် Cardio လေ့ကျင့်ခန်းဟာ အကူအညီဖြစ်စေပါလိမ့်မယ်။

၁။ ကြိုးခုန်ခြင်း

Source: 24Life

ကြိုးခုန်တာဟာ အသက်အရွယ်မရွေးလုပ်လို့ရပြီး အကောင်းဆုံး Cardio လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားနေရင်းပဲဖြစ်ဖစ် ဆော့ကစားနိုင်တဲ့လေ့ကျင့်ခန်းပါ။

၂။ Spot Jogging

Source: Quora

တစ်နေရာတည်းမှာပဲရပ်ပြီး ခြေထောက်တစ်ဖက်ကို မြောက်လိုက်၊ချလိုက်နဲ့ ပြေးတဲ့ပုံစံမျိုး ခုန်ပေးရမယ့် လေ့ကျင့်ခန်းပါ။ အလုပ်ရှူပ်နေရင်တောင် လုပ်လို့အဆင်ပြေပါတယ်။ နှလုံးကျန်းမာရေးကိုလည်းကောင်းစေပြီး အဆီလောင်ကျွမ်းစေပါတယ်။

၃။ Squat Jump

Source: MIT Recreation

အရင်ဆုံး လက်နှစ်ဖက်ကို ခြေမျက်စိနဲ့ ထိအောင်ထိုင်ပါ။ အဲဒီလိုထိုင်တဲ့နေရာမှာ တင်ကိုနောက်ပစ်၊ ခါးကိုကော့ထားပါ။ ပြီးရင် ကြမ်းပြင်ကကြွပြီးခုန်ပေးလိုက်ပါ။ ခပ်မြန်မြန်လေးလုပ်ပေးပါ။ သင့်တင်သား၊ ပေါင်သား၊ ဗိုက်သားက အဆီတွေကို ကျစေပါတယ်။

၄။ Side Lunges

Source: Tenor

ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားပါ။ ဒူးတစ်ဖက်ကိုကွေးပြီး ခြေထောက်တစ်ဖက်ကို ဘေးရွှေ့ပါ။ ပြီးရင် ပြန်စုပြီး နောက်တစ်ဖက်ပြောင်းပါ။ အခုပုံမှာပြထားသလို လုပ်ပေးရမှာပါ။

၅။ Burpees

Source: IceGIF

အခုလေ့ကျင့်ခန်းကိုတော့ ပုံမှာတစ်ဆင့်ချင်းဖော်ပြပေးထားပါတယ်နော်။ အရင်ဆုံး ကြမ်းပြင်ကိုလက်ထောက်ပြီး ဒိုက်ထိုးလိုက်ပါ။ ပြီးရင်အပေါ်ပြန်ကြွပြီးခုန်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ၁၀ မိနစ်အတွင်း ကယ်လိုရီ ၁၀၀ လောင်ကျွမ်းပါတယ်။

၆။ Cross Crawl

Source: Health Magazine

ဘယ်ဖက်ခြေထောက်ကိုမြောက် ညာဖက်တဒေါင်နဲ့ထိ၊ ညာဖက်ခြေထောက်ကိုမြောက် ဘယ်ဖက်တဒေါင်နဲ့ထိပေးပြီး လုပ်ပေးရမယ့် လေ့ကျင့်ခန်းပါ။ ခပ်မြန်မြန်လေးလုပ်ပေးပါနော်။ သင့်ဦးနှောက် လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် အဆီကျလှပစေမှာဖြစ်ပါတယ်။