ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Mirror selfie ကို တစ်ကိုယ်လုံးပေါ်အောင် ရိုက်ကြည့်ပါ။ အမြဲမတ်တပ်ရပ်ရိုက်ရတာ ရိုးလာရင် ထိုင်ရိုက်ပါ။ ထိုင်ရိုက်တဲ့အခါမှာလည်း ဆွဲဆောင်မှုရှိပြီး စမတ်ကျနေအောင် ဒီလိုလေးထိုင်ရိုက်ပါ။ ဒီလိုပို့စ်မျိုး ရိုက်မယ်ဆိုရင် ဒေါက်ဖိနပ်လေးစီးပြီး အတိုဝတ်တာထားရင်တော့ ပိုပြီး perfect ဖြစ်နေမှာပါ။

ကားပါကင်မှာ ဒီလိုပို့စ်မျိုးနဲ့ရိုက်တာက ဆွဲဆောင်မှုရှိပြီး အရမ်းမိုက်ပါတယ်။ ဒေါင်ဖိနပ်လေးစီးထားရင်တော့ ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

ဖက်ရှင်အသားပေးရိုက်မယ်ဆိုရင် လမ်းမမှာ ဒီလိုပို့စ်လေးနဲ့ ရိုက်ကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်အသေးစိတ် အားလုံးပေါ်လွင်နေပြီး ဆွဲဆောင်မှုရှိရှိနဲ့ မိုက်နေမှာပါ။

ဘောင်းဘီရှည်လေးနဲ့ဆိုရင် ဒီလိုပို့စ်လေး ရိုက်ကြည့်ပါ။ မျက်နှာထားက မပြုံးပဲ တည်နေရင်တော့ ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

ဘောင်းဘီတိုလေးဝတ်ထားရင် ဒီလိုလေး ပို့စ်ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိစေပါတယ်။

ပန်းလေးတွေကိုင်ပြီးရိုက်ရင် တော်တော်များများက ကင်မရာကိုကြည့်ပြီး ပြုံးနေတာမျိုး၊ ပန်းကိုငုံ့ကြည့်ပြီး ပြုံးနေတာမျိုးတွေပဲ ပို့စ်ပေးကြတာပါ။ ဒါကြောင့် သူများနဲ့မတူအောင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။

မိန်းကလေးဆန်ဆန်နဲ့ လှလှပပလေး ဝတ်ထားရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ကျော့ရှင်းလှပပြီး ဆွဲဆောင်မှုရှိနေမှာပါ။

တီရှပ်အပွကို ဘောင်းဘီတိုနဲ့တွဲဝတ်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ Cute type လည်းဖြစ်သလို ဆွဲဆောင်မှုလည်းရှိစေပါတယ်။

ကိုယ်ဝတ်ထားတဲ့ဖက်ရှင်က မိုက်တာမျိုးလေးဆိုရင် ဒီလိုပို့စ်မျိုး ရိုက်ကြည့်ပါ။ ဝတ်ထားတဲ့ဖက်ရှင်ကို ပိုမိုက်သွားစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။

Photo source:www.pinterest.com