မင်္ဂလာပါ… ပျိုမဒီတို့ရေ… အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပုံစံတွေက ပုံစံတွေ အများကြီးရှိပါတယ်။ နေထိုင်စားသောက်ပုံနဲ့ မျိုးရိုးဗီဇတွေပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ခန္ဓာကိုယ် အချိုးအစားတွေကြောင့် တချို့အဝတ်အစားတွေက တခြားလူနဲ့လိုက်ပေမယ့် ကိုယ်နဲ့မလိုက်ဖက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဝတ်အစားဝယ်တဲ့အခါ ကိုယ့်ခန္ဂာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်လိုပုံစံတွေက ဘယ်လို ခန္ဓာကိုယ်အမျိုးအစားတွေနဲ့ အလိုက်ဖက်ဆုံးလဲ ဆိုတော ဝေမျှလိုက်ပါတယ်နော်….

ဖြောင့်စင်းတဲ့ ခန္ဓာကိုယ်ပုံစံ

ဖြောင့်စင်းနေပြီး စူပါမော်ဒယ်ကိုယ်ထည်လို့ လူသိများတဲ့ ခန္ဓာကိုယ်ပုံစံက Tube tops သို့မဟုတ် polka တွေက ဆွဲဆောင်မှုရှိတဲ့ပုံစံကို ပေါ်လွင်စေမှာပါ။

Pear Body Shape

ပခုံးတွေကို ပိုကျယ်စေဖို့နဲ့ အသွင်အပြင်ကို ပေါ်လွင်စေဖို့က Boat-Neck Tops လေးက အသင့်တော်ဆုံးပါပဲ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဟန်ချက်ညီစေဖို့ Push-Up Bra or a Padded Bra တို့ကို ဝတ်ဆင်သင့်ပါတယ်။

Apple Body Shape

လည်စည်းပါတဲ့ ရှပ်အင်္ကျီ ၊ လက်အစည်းပါတဲ့ အင်္ကျီ တွေကို Boot-Cut Jeans, Flared Bottom Jeans စတာတွေနဲ့တွဲဝတ်လိုက်ပါ။ A-line dresses တွေကလည်း ပန်းသီးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ချန်ထားလို့မရတဲ့ ပုံစံတစ်ခုပါပဲ။

Hourglass Body Shape

ခါးကို ပေါ်လွင်စေပြီး ပြီးပြည့်စုံတဲ့ ကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။