ဖက်ရှင် Trends တွေဆို တကယ်ကို ဆန်းပြားလွန်းတဲ့အရာပါ။ တစ်ချိန်တည်းမှာ ပေါ်တာချင်းအတူတူတောင်မှ တစ်ခါတစ်လေကျရင် တစ်ချို့ Trends တွေက ကမ္ဘာကျော်သွားချိန်မှာ တစ်ချို့ Trends တွေကတော့ ခေတ်သာကုန်သွားတယ် သတိမထားမိလိုက်ကြပါဘူး။
ဖက်ရှင်ရေစီးကြောင်းဆိုတာ အမြဲတမ်းပြောင်းလဲနေတဲ့အတွက် ခေတ်တွေဘယ်လောက်ပြောင်းသွားပြောင်းသွား အီမသွားဘူးဆိုတာမျိုးက ၁၀၀ မှာ ၁၀ လောက်တောင်မရှိတတ်ပါဘူး။ အခုတစ်ခါမှာလည်း နိုင်ငံတစ်ဝှမ်းမှ Fashionista တွေကနေပြီးတော့ နှစ်သစ်ရောက်ချိန်မှာ ထားခဲ့သင့်ပြီဖြစ်တဲ့ ဖက်ရှင် Trends တွေနဲ့ အစားထိုးရွေးချယ်သင့်တဲ့ Trends တွေကို ယှဥ်ပြသွားမှာဖြစ်ပါတယ်။
ဂျင်းဘောင်းဘီနဲ့ ပိုက်ကွန်အသားကပ်
တစ်ချိန်တုန်းက ခေတ်စားခဲ့ပါတယ်ဆိုတဲ့ ဒီလိုဝတ်စားမှုဟာ အခုအချိန်မှာတော့ လူအများစုအတွက် ငြီးငွေ့စရာဖြစ်လာပါပြီ။ ထိုအစား အပေါက်အပြဲတစုံတရာမပါတဲ့ ပြောင်ဂျင်းဘောင်းဘီက ပြန်လည်ခေတ်စားနေပါတယ်။ ဆန်းဆန်းပြားပြားကြိုက်သူအဖို့ ဒီဇိုင်းရိုးတယ်ထင်ရင် ဘောင်းဘီအောက်ခြေမှာ အနားမညီတဲ့ပုံစံမျိုးကို ရွေးချယ်လို့ရပါသေးတယ်။
ခါးသိုင်းအိတ်
ခါးသိုင်းအိတ် ဖက်ရှင် ကတော့ မသေချာမရေရာတဲ့ Feedback ကို ရရှိခဲ့တဲ့ Trend တစ်ခုဖြစ်ပါတယ်။ တစ်ချို့အတွက်ကတော့ တအားစတိုင်ကျတယ်ဆိုပေမယ့် တချို့လူတွေအမြင်မှာကျတော့ ဖျံကျဈေးမှာ တစ်ခုခုရောင်းနေတဲ့သူရဲ့ပစ္စည်းလိုပုံစံမျိုးပေါက်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လောက်ခေတ်ပြောင်းပြောင်း မိန်းကလေးအများစုအတွက် အသင့်တော်ဆုံးကတော့ ရိုးရှင်းတဲ့ Shoulder Bag တွေပါပဲ။
PJ စတိုင်လ်
ကော်ဇောနီတွေ၊ လျှောက်လမ်းမတွေနဲ့ ထင်ပေါ်ကျော်ကြားတဲ့ လူသွားလမ်းမတွေပေါ်မှာ နာမည်ရယူနိုင်ခဲ့တဲ့ PJ စတိုင်လ် Trend ဟာ အခုချိန်မှာတော့ အိပ်ခန်းထဲကိုပဲ ပြန်သိမ်းထားရတော့မယ့် အချိန်ပြန်ရောက်သွားပါပြီ။ အစားထိုးအနေနဲ့ ပေါ့ပါးပြီး Oversized ဖြစ်တဲ့ Suit တွေကို ရွေးချယ်ကြည့်ပါ။
ချည်ထိုးထားတဲ့ ဂျင်းဘောင်းဘီတွေနဲ့ ဂျာကင်များ
ချည်ထိုးဖက်ရှင်ခေတ်စားခဲ့ချိန်တုန်းကဆိုရင် ဒီဇိုင်နာတွေဟာ ဂျာကင်တွေ၊ ဂျင်းအထည်တွေ၊ ရှပ်အကျီတွေ၊ ဦးထုပ်တွေနဲ့ ဖိနပ် ရှိရှိသမျှမှာ ချည်ထိုးခဲ့ကြပါသေးတယ်။ အခုချိန်မှာတော့ ရပ်တန်းကရပ်လိုက်ပါ။ အကယ်လို့ သင်က ချည်ထိုးထားတဲ့ဂျင်းဘောင်းဘီကိုမှ တော်တော်သဘောကျတယ်ဆိုရင်တော့ ခရီးသွားတဲ့အချိန် သို့မဟုတ် Camping ထွက်ချိန်တွေလောက်မှာသာ ရွေးချယ်ပါလို့ အကြံပြုချင်ပါတယ်။
Credit: Bright Side