လူငယ်တစ်ယောက်ရဲ့ ဖက်ရှင်ဟာ ပေါ့ပါးနေရပါမယ်။ Casual စတိုင်အတိုင်း ထသွားလာသွား ဝတ်မယ်ဆိုရင်လည်း ဖက်ရှင်ကျနေဖို့လိုပါတယ်။ အထူးသဖြင့် Street Style ဝတ်မယ်ဆိုရင် ဒီအချက်တွေ သိထားသင့်ပါတယ်။

(၁) ကာလာရိုးပါစေ

Monochrome ရောင်တွေကို အရင်ဆုံး စဉ်းစားပါ။ အဖြူအမည်းဟာ ကာလာတွေထဲမှာ အခြေခံအကျဆုံးနဲ့ ဆရာအကျဆုံး အရောင်တွေပါ။ အဝတ်အစားမှာလည်း အဖြူနဲ့အနက်ရောင်တွေဟာ တကယ်စားပါတယ်။

တီရှပ်ဖြူ အောက်က ဂျင်း ၊ ဒါမှမဟုတ် ဘောင်းဘီအနက် နဲ့Sneaker အဖြူမျိုး ဝတ်ကြည့်သင့်ပါတယ်။ နောက်တစ်ခုက ကာလာအစပ်တွေမှာ အခုလို Basic Color တွေလိုပဲ တစ်ခြား အခြေခံကျတဲ့ ဗြောင်ကာလာတွေကို စဉ်းစားသင့်ပါတယ်။

(၂) ရှင်းရှင်းလေး ဖြစ်ပါစေ

Minimalism ဟာ ဒီဘက်ခေတ်မှာ အရေးပါလာပါပြီး ရိုးရှင်းတဲ့ အရာတွေဟာ အမြဲတမ်း ဆန်းသစ်နေတတ်ပါတယ်။ တကယ်လို့ ကိုယ့်တီရှပ်မှာ တစ်ခုခုပါမှ ကြိုက်တယ်ဆိုရင်လည်း စာလုံးရှင်းရှင်းနဲ့ အမြင်ရှင်းမယ့် ဒီဇိုင်းကိုစဉ်းစားသင့်ပါတယ်။

(၃) သက်တောင့်သက်သာ ရှိပါစေ

Street Style ရဲ့ တကယ့်အနှစ်သာရက ဝတ်လိုက်ရင် သက်တောင့်သက်သာ ဖြစ်နေဖို့ပါပဲ။ ဖိနပ်ပဲ စီးစီး ၊ ဘောင်းဘီပဲဝတ်ဝတ် ကိုယ်ဝတ်ဆင်ထားတဲ့ အရာဟာ တင်းနေကျပ်နေ ထောင့်နေတာမျိုး မဖြစ်သင့်ပါဘူး။

(၄) Sneaker ပါပါစေ

အပြင်ထွက်မယ်ဆိုရင် Shoes လေးနဲ့မှ ပိုမိုက်ပါတယ်။ ဘောင်းဘီဝတ်ပြီး Slipper နဲ့သွားနေရင် ဖက်ရှင်ယိုင်ပါတယ်။ Sneaker လေးစီးတာဟာ ရိုးရှင်းသွားပြီး ကွဲပြားစေပါတယ်။

(၅) ဆံပင်ပုံစံ မှန်ပါစေ

Street Style နဲ့ အပြင်ထွက်လည်မယ်ဆိုရင် ဆံပင်ပုံစံဟာ ပိပြားသပ်ရပ်နေစရာတော့ မလိုပါဘူး။ ပေါ့ပါးပြီး ကိုယ့်မျက်နှာနဲ့အံဝင်တဲ့ ဆံပင်ပုံစံ ညှပ်ထားရင်ကိုပဲ နည်းနည်းလောက် သပြီး အပြင်ထွက်လည်လို့ကောင်းပါပြီ။