ဘယ်လိုအသက်အရွယ်မျိုးမှာပဲဖြစ်ဖြစ် ဖက်ရှင်က အရေးပါတဲ့အရာတစ်ခုပါ။ ဖက်ရှင်ကြောင့် ပိုပြီးတည်ငြိမ်ရင့်ကျက်တဲ့ပုံစံ ဖြစ်သွားစေသလို၊ ပိုပြီးနုပျိုတဲ့ပုံစံ၊ အထာကျတဲ့ပုံစံ၊ ချစ်ဖို့ကောင်းတဲ့ပုံစံ အမျိုးမျိုး ဖြစ်သွားစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သက်ကြီးပိုင်း အမျိုးသမီးများအတွက် ပိုမိုနုပျိုသွားစေမယ့် ဖက်ရှင်တွေနဲ့ ရှောင်သင့်တဲ့ဖက်ရှင်တွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်က အသက်ကြီးနေပြီဆိုပြီး jean ဘောင်းဘီပွပွကြီးတွေ၊ ဒဲ့ပွတာကြီးတွေကို မဝတ်ပါနဲ့။ ငယ်ရွယ်နုပျိုတဲ့ ပုံစံလေး ရချင်တယ်ဆိုရင် skinny jean လေးတွေဝတ်ပါ။ ဒီတိုင်းမဝတ်ရဲရင် တင်ဖုံးတဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်ပါ။

အသက်ကြီးတဲ့သူတော်တော်များများက စကပ်တွေဝတ်ရင် အင်္ကျီကို အပြင်ထုတ်ဝတ်ကြတာ များပါတယ်။ ဒီလိုဝတ်တာက အသက်ကြီးတဲ့ပုံ ပိုပေါက်စေပါတယ်။ ဒါကြောင့် စကပ်ထဲကို အင်္ကျီလေးတွေ ထည့်ဝတ်ကြည့်ပါ။ နုပျိုတဲ့ပုံစံလေး ဖြစ်သွားစေပါတယ်။

Jewelry ဝတ်တဲ့အခါမှာ ကိုယ်ကအသက်ကြီးနေပြီး ထင်းနေတာမျိုးလေးတွေ၊ အကြီးကြီးတွေ ဝတ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ Simple ဖြစ်ပြီး အရမ်း heavy မဖြစ်တဲ့ jewelry လေးတွေဝတ်ပါ။ ပိုပြီးနုပျိုစေပါတယ်။

ဆံပင်အနက်ရောင်၊ အင်္ကျီအဝတ်အစား အနက်ရောင်၊ တခြားအသုံးအဆောင်တွေပါ အနက်ရောင်တွေ ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့။ ဥပမာ အောက်ပိုင်းကို အနက်ရောင်ဝတ်မယ်ဆိုရင် အပေါ်ပိုင်း အင်္ကျီကို အရောင်လင်းတာလေးတွေ ဝတ်ပါ။ ပိုပြီး နုပျိုကာ လင်းသွားစေပါတယ်။

Bra ကို သေချာရွေးချယ်ပါ။ အသက်ကြီးပြီဆိုပြီး ပြီးစလွယ်ဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ မိန်းကလေးတစ်ယောက်က ရင်သားတင်းရင်းနေရင် ပိုပြီးလှပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒီလိုပါပဲ။

လည်ပင်းအပိတ်တွေ၊ လည်ဝိုက်တွေ ဝတ်တာထက်စာရင် လည်ပင်း နည်းနည်းဟိုက်တာလေးတွေ ဝတ်တာက ပိုပြီးနုပျိုတဲ့ပုံစံလေး ဖြစ်စေပါတယ်။

နေကာမျက်မှန်တပ်မယ်ဆိုရင်လည်း သေချာရွေးချယ်ပါ။ နေကာမျက်မှန်ကလည်း မျက်နှာကို ပြောင်းလဲသွားစေပါတယ်။ အကောင်းဆုံးကတော့ cat eyes ပုံစံ နေကာမျက်မှန်တွေက အသက်ကြီးပိုင်းတွေတပ်ရပ် ပိုပြီးမိုက်သွားစေတယ်၊ ပိုပြီးလှသွားစေတယ်၊ နုပျိုသွားစေပါတယ်။