အမျိုးသမီးတွေပဲဝမှကို စိတ်ပူတတ်ကြတာမဟုတ်ပါဘူး အမျိုးသားတွေလည်း ဝလာရင်စော်မကြည်မှာကို စိုးရိမ်တတ်ပါတယ်။ အားပေးချင်တာက တကယ်လို့ဝလာရင်လည်း ဝတ်စရာရှားသွားပြီဆိုပြီး စိတ်ဓာတ်မကျပါနဲ့။ မှန်ကန်တဲ့ ဖက်ရှင်ရွေးချယ်မှုက သင့်ကို Confidence ရှိလာစေနိုင်မယ်ဆိုတာ မယုံမရှိပါနဲ့။ Plus-Size တွေအတွက် ဘယ်လို Fashion Tips တွေက အထောက်အကူဖြစ်နိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပထမဦးဆုံး အကြံဉာဏ်ပေးချင်တာက Tailor နဲ့ချုပ်တာပါ။ ကိုယ်နဲ့တော်နိုင်မယ့် Ready-made အဝတ်အစားတွေကို အပင်ပန်းခံပြီးရှာနေမယ့်အစား ချုပ်ဝတ်လိုက်ပါ။ Stylish ဖြစ်ဖို့ဆိုတာ နာမည်ကြီး Brand တွေအပေါ် မူမတည်ပါဘူး သင်ဘယ်လိုဝတ်ဆင်သလဲဆိုတာပဲ အရေးကြီးပါတယ်။

ဒုတိယအချက်ကတော့ ဗြောင်ထက် Bold Prints တွေဟာ Plus-Size တွေအတွက် အဖော်ကောင်းပါ။ ဝတော့ ခန္ဓာကိုယ်အပေါ် ရှုပ်ရှုပ်ယှက်ယှက်အဆင်တွေ ဝတ်သင့်ပါတယ်။ အဆင်ရှုပ်တာတွေကိုဝတ်ဆင်တဲ့အခါမှာ အပေါ်နဲ့အောက်လိုက်ဖက်ဖို့ကတော့ Basic ဖြစ်စေမယ့် Neutrals ကာလာတွေကို ရွေးချယ်သင့်ပါတယ်။

တတိယအချက်နေနဲ့ အဝတ်အစားများဖို့ထက် ကွာလတီကောင်းဖို့ကို အမြဲဦးစားပေးစေချင်ပါတယ်။ အထည်များအယားပြေဆိုပြီး ကိုယ်နဲ့တော်တဲ့ဆိုဒ်တွေ့တိုင်း စွတ်မဝယ်စေချင်ပါဘူး အရည်အသွေးကိုပိုပြီးကြည့်သင့်ပါတယ်။

စတုတ္ထအချက်ကတော့ ကွာလတီကောင်းကောင်းနဲ့ ကိုယ်လည်းကြိုက် ကိုယ်နဲ့လည်းလိုက်တယ်ဆိုရင်တော့ မတွေဝေပဲ ဒီဇိုင်းတူ အရောင်ကွဲတွေ ဝယ်ထားလိုက်ပါ။ ဒီလို အချက်သုံးချက်နဲ့ကိုက်တာကို ရှာတွေ့ဖို့ကရှားပါတယ်။

နောက်ဆုံးတချက်အနေနဲ့ Encourage လုပ်ချင်တာက အခုခေတ်မှာ Size ကအဓိကမဟုတ်တော့ပါဘူး။ Stylish ဖြစ်အောင် အချိုးကျကျ ဝတ်တတ်ဖို့ပါပဲ။ အရေးကြီးတာက ကိုယ်ဘယ်လောက်ပဲဝပါစေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ Trendy ဖြစ်အောင်နေပါ Negative Vibe တွေကိုဘယ်တော့မှမတွေးပါနဲ့။