အရပ်ပုပု သေးသေးသွယ်သွယ် ကောင်မလေးတွေကို Petite Girl လို့ခေါ်ပါတယ်။ အခုတခါ Petite လေးတွေအတွက် ဖက်ရှင်နဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးမှာပါ။

၁။ဖိနပ်အမြင့် စီးပါ

အရပ်ရှည်သယောင် ထင်ရဖို့က ဖိနပ် အမြင့်စီးရမယ်ဆိုတာကိုတော့ အားလုံးလည်း သိထားပြီးသားပါ။ Stiletto လို ဒေါက်အချွန်တွေနဲ့ Wedges လို့ခေါ်တဲ့ တပြေးတည်းခုံထူ ဒေါက်မြင့်ဖိနပ်လေးတွေက သင့်ကို အရပ်ရှည်အောင် ဖန်တီးပေးမှာပါ။ ကြိုးများများနဲ့ ခပ်ရှုပ်ရှုပ်ချည်ရတဲ့ Strappy High Heels တွေလည်း စီးနိုင်ပါတယ်။

၂။ အင်္ကျီကို အထဲ ထည့်ဝတ်ပါ

ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် စကဒ်တိုတိုရှည်ရှည်နဲ့ပဲဖြစ်ဖြစ် အပေါ်အင်္ကျီက ခါးထက်ကျော်ပြီး ရှည်နေရင် အပေါ်ပိုင်းက ရှည်ပြီး အောက်ပိုင်းက ပိုတိုနေသလိုထင်ရစေပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ရွေးချယ်ထားတဲ့ အင်္ကျီကို ဘောင်းဘီ (သို့) စကဒ်ထဲ ထည့်ဝတ်လိုက်ခြင်းက အရပ်ပုတာကို ဖုံးသွားစေပြီး သင့်ကို စမတ်ကျတဲ့ ပုံစံမျိုး ပေါ်လွင်သွားစေမှာ ဖြစ်ပါတယ်။

၃။ ဒေါင်လိုက်အစင်းပါတဲ့ အဝတ်အစားကို ရွေးချယ်ပါ

ကန့်လန့်စင်းနဲ့ ပွပွယောင်းယောင်း အဝတ်အစားမျိုးကို ရှောင်ပါ။ အထူးသဖြင့် အောက်ပိုင်းကို ဘောင်းဘီပွပွတွေ စကဒ်ဖားဖားကြီးတွေကို ရှောင်သင့်ပါတယ်။ ကိုယ့် Body နဲ့ Fit မဖြစ်တဲ့ ဝတ်စုံတွေ အပြင် Oversize ဖြစ်တဲ့ အိတ်တွေနဲ့ အခြား Accessories တွေကိုပါ မသုံးသင့်ပါဘူး။

၄။ ခါးပတ်ကို အပြားသေးသေးလေးတွေကို ရွေးချယ်ပါ

ခါးပတ်ပြား အကြီးကြီးတွေဟာ ကိုယ်လုံးကို အပေါ်နဲ့အောက် ထင်ထင်ရှားရှား ခွဲခြားလိုက်သလိုဖြစ်တာမို့ အရပ်ကို ပိုပြီးပုသွားသယောင် ထင်ရပါတယ်။ အရောင်ထင်းထင်း ခါးပတ်ကို ရွေးချယ်တာထက် အဝတ်အစားနဲ့ အရောင် သိပ်မကွာတဲ့ ခါးပတ်မျိုးက သင့်ကို ပိုပြီး ရှည်သွယ်သယောင် ထင်ရမှာပါ။ ခါးပတ် ပတ်ရင်လည်းခါးလည်နဲ့ ခါးအထက်ပိုင်းမျိုးမှာပဲ ပတ်သင့်ပါတယ်။

၅။ Petite Girl လေးတွေဟာ လူကောင်သေးသေးလေးတွေ ဖြစ်တာမို့ ဆံပင်ပုံစံရွေးတဲ့ အခါမှာ ဆံပင်ပုံစံ အတော်များများနဲ့လည်း လိုက်ဖက်တဲ့ အတွက် ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဆံပင်အရှည်က အလိုက်ဖက်ဆုံး ဆိုပေမယ့် Bob Hair တို့လို ပုခုံးကုတ်ဝဲတို့လို အတိုဒီဇိုင်းမျိုးကလည်း ကလေးဆန်တဲ့ အသွင်ဖြစ်စေတာမို့ ရွေးချယ်နိုင်ပါတယ်။

စတိုင်ကျကျလှပနိုင်ကြပါစေ။