ပျိုမေလေးတို့ရေ… အခုလက်ရှိ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အားရစိတ်ကျေနပ်မှု ရှိကြရဲ့လား။ များသောအားဖြင့် မိန်းကလေးအများစုက ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လာရင် ဘယ်တော့မှ စိတ်ကျေနပ်မှု မရှိကြပါဘူး။ ပိန်တဲ့သူကလည်း ဒီ့ထက် ခန္ဓာကိုယ် ပြည့်ချင်တယ်၊ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး ပျိုမေလေးတွေကျပြန်တော့ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှပချင်ကြတယ် စသဖြင့် အမျိုးမျိုးပါပဲ။

တကယ်လို့ စာဖတ်သူပျိုမေလေးက ပိန်ချင်တဲ့သူဆိုရင် လေ့ကျင့်ခန်း လုပ်ရင်း ဝိတ်ချလို့လည်း ရသလို၊ အစားလျှော့စားပြီး ဝိတ်ချလို့လည်း ရပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီ ၂ ခုစလုံးကို မလုပ်နိုင်ဘူးဆိုရင်တော့ အဝတ်အစားနဲ့ ပိန်သယောင်လေးဖြစ်အောင် ဖန်တီးရမှာပဲဖြစ်ပါတယ်။

အဝတ်အစားတွေကို ဘယ်လိုဝတ်စားဆင်ယင်မယ်ဆိုရင် ပျိုမေလေးတို့ကို ပိန်ပါးသွယ်လျသွားစေမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။

(၁) ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေတဲ့ အတွင်းခံအဝတ်အစားများ

ဗိုက်ချပ်စေတဲ့ အတွင်းခံလေးတွေ ဝတ်မယ်ဆိုရင် ကိုယ်ကြပ်ဂါဝန်လေးတွေ ဝတ်တဲ့အခါ ချပ်ချပ်ရပ်ရပ်ကလေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

(၂) တစ်ကိုယ်လုံး အမဲရောင်ဝတ်ဆင်ပါ

ဝတဲ့သူကို ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားစေတဲ့ အရောင်ကတော့ အမဲရောင်ပဲဖြစ်ပါတယ်။ အမဲဝမ်းဆက်ကို စတိုင်လ်မိုက်မိုက်လေး ဝတ်လိုက်မယ်ဆိုရင်တော့ အလန်းဇယားလေးဖြစ်နေမှာပါ။

(၃) အထပ်အထပ်လေးတွေ ဝတ်ဆင်ပါ


ဒီနည်းလမ်းက နွေရာသီမှာ အသုံးတည့်မှာတော့ မဟုတ်ပေမယ့် ဆောင်းရာသီ၊ ဒါမှမဟုတ် ချမ်းအေးတဲ့ နေရာဒေသတွေဖြစ်တဲ့ ကလော၊ တောင်ကြီး၊ ပြင်ဦးလွင်တို့ကို အလည်သွားရင်တော့ ရှိုးထုတ်လို့ရတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

(၄) ခါးလျှောဘောင်းဘီအစား ချက်အပေါ်ထိ တက်ဝတ်ရတဲ့ ဘောင်းဘီ ဝတ်ဆင်ပါ

ဒီဖက်ရှင် Look လေးကဆိုရင် ပျိုမေလေးတို့ကို ခြေတံရှည်တဲ့ပုံပေါက်စေတာကြောင့် ဝမှန်း မသိသာတော့ပါဘူး။ တီရှပ်အင်္ကျီကို အထဲထည့်ဝတ်ထားမယ်ဆိုရင် ပိုမိုက်ပါတယ်။

(၅) ဒေါင်လိုက် အစင်းကျား အဝတ်အစားတွေ ဝတ်ဆင်ပါ

အစင်းကျား အင်္ကျီ ဘောင်းဘီတွေ ဝတ်ဆင်တဲ့အခါ အလျားလိုက် အဆင်တွေအစား ဒေါင်လိုက်အဆင်တွေကိုသာ ဦးစားပေးဝတ်ဆင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပျိုမေတို့ရဲ့ခန္ဓာကိုယ်ကို ပိုရှည်လျားသွားတဲ့ အသွင် ဖော်ဆောင်ပေးပါလိမ့်မယ်။

(၆) ခါးပတ်ပြား သေးသေးလေးတွေ ဝတ်ဆင်ပါ

ခါးပတ်ပြားအကြီးတွေ ဝတ်ဆင်ခြင်းက ပျိုမေတို့ရဲ့ ခါးကို ပိုကြီးသွားစေတာကြောင့် နဂိုရှိရင်းစွဲခန္ဓာကိုယ်ထက် ပိုဝစေပါတယ်။ ဒါ့ကြောင့် ပါးပါးမျှင်မျှင် ခါးပတ်သေးသေးလေးတေါပဲ ရွေးချယ်သင့်ပါတယ်။

(၇) Pencil စကပ်လေးတွေ ဝတ်ဆင်ပါ

Pencil စကပ်တွေကဆိုရင် ဘယ်လိုခန္ဓာကိုယ် အချိုးအစားနဲ့မဆို လိုက်ဖက်တဲ့ စကပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Source: herbeauty.co