Fashion ဆိုတာက အချိန်နဲ့အမပြောင်းလဲနေတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဘယ်လိုပုံစံတွေဘဲပြောင်းပြောင်း Fashion နဲ့ ပက်သတ်ပြီး သိထားသင့်တဲ့အခြေခံအချက်တွေကတော့ မပြောင်းလဲပါဘူး။ ဒါကတော့ Fashion နဲ့ ပက်သတ်ပြီး မှတ်ထားရမယ့် အရေးကြီးတဲ့အချက်တွေပါ။

ခန္ဓာကိုယ် အမျိုးအစား

သင့်ခန္ဓာကိုယ်ရဲ့ အမျိုးအစားကို သေချာသိရမှာက အဓိကကျတဲ့အချက်ပါပဲ။ မှန်ကိုကြည့်ပြီး သင့်ခန္ဓာကိုယ်အမျိုးအစားကို စစ်ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် နားလည်တဲ့ Stylist တွေကို အကူအညီတောင်းလို့ရပါတယ်။

Right Bra

မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက ဘာကိုဝတ်ရမယ်ဆိုတာ သိမှသာ ကျော့ရှင်းလှပနေမှာပါ။ ကျန်းမာရေးအတွက်ရော ဖက်ရှင်အတွက်ရော မှန်ကန်တဲ့ Bra ကို ၀တ်ဖို့က အရေးကြီးပါတယ်။

အတွင်းခံ

အတွင်းခံကောင်းကောင်းကလည်း Bra လိုဘဲ အရေးကြီးပါတယ်။ နောက်တခုက ဘယ်အချိန်မှာ ဘယ်လို ဝတ်ရမလဲဆိုတာ သိဖို့လိုပါတယ်။

Trench, Leather, Denim Jackets

ဒီလို Classics ဖြစ်တဲ့ အဝတ်အစားတွေက မိန်းကလေးတိုင်းရဲ့ ဗီရိုတိုင်းမှာ မရှိမဖြစ်လိုအပ်ပြီး တစ်နှစ်ပတ်လုံးအတွက် အသုံးတဲ့တဲ့အဝတ်အစားတွေပါ။

Scarves

Scarves ကို ရာသီတိုင်းမှာ အသုံးဝင်တဲ့အပြင် ဖက်ရှင်အတွက်လည်း ပြီးပြည့်စုံပါတယ်။

Denim

သင့်ခန္ဓာကိုယ် အချိုးအစားနဲ့လိုက်ဖက်တဲ့ Denim တစ်ထည်က မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါဘဲ။