ဒီတစ်ခေါက်မှာတော့ အလှဓာတ်ပုံရိုက်တဲ့အချိန် သင့်ကို သာမန်အချိန်ထက် ပိုလှစေမယ့် ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။ ဓာတ်ပုံလှလှလေး ရဖို့အတွက် သင့်မိတ်ကပ်ကို ထူးထူးခြားခြား ပြင်သင့်သလို ဖက်ရှင်ကိုလည်း သေချာ ဂရုစိုက် ဝတ်ဆင်သင့်ပါတယ်။ ဝတ်တဲ့ဖက်ရှင်က သင့်အကြောင်းပြောနိုင်တဲ့၊ သင်ကြိုက်တဲ့၊ သင်ဝတ်လ်ိုက်ရင် Confident ဖြစ်တယ်လို့ ခံစားရတဲ့ ပုံစံမျိုး ဖြစ်သင့်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဓာတ်ပုံရိုက်ဖို့ အလှဆုံး ဖက်ရှင်ဝတ်ဆင်ပုံတွေထဲက သင်အကြိုက်ဆုံး ပုံစံကို အဆင်သင့် ရွေးနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အဖြူနဲ့ ဂျင်း

အင်္ကျီအဖြူ Crop နဲ့ ဂျင်းအပြာက သင့်ကို ပေါ့ပေါ့ပါးပါး စတိုင် ပိုင်ဆိုင်စေပါတယ်။ ဒါနဲ့အတူ အိတ်နဲ့ ဦးထုပ် ဒါမှမဟုတ် အိတ်နဲ့ ဖိနပ်ကို အရောင်တူတူ ဖြစ်နေဖို့ သတိပြုသင့်ပါတယ်။

အရောင်အစိမ်း

နောက်ခံ အပင်စိမ်းစိမ်းလေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ စဉ်းစားထားသူတွေအနေနဲ့ မော်ဒယ်စိမ်းလို အစိမ်းနုနုလေးတွေကို ရွေးချယ်သင့်ပါတယ်။

Boots

ဓာတ်ပုံရိုက်တဲ့အခါ သင့်ဖက်ရှင်ကို ပံ့ပိုးပေးနိုင်တဲ့ Accessories တစ်မျိုးကတော့ Boot ဖိနပ်ပါ။ Boot ဖိနပ်တွေက သင့်ခြေထောက် ဖြူမဖြူ စိတ်မပူရတော့ဘဲ အထာကျတဲ့ ပုံစံကို ပေးနိုင်ပါတယ်။

အပြင်ထပ်နဲ့ စကပ်အတို

အပြင်ထပ် အနွေးထည်အပါးလေးနဲ့ စကပ်အတိုလေးက သင့်ပေါင်တံ လှလှလေးတွေနဲ့ လိုက်ဖက်ပြီး မိန်းကလေးဆန်ဆန် ပုံရိပ်ကို ပိုင်ဆိုင်စေပြီး ဓာတ်ပုံထဲလှတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။

Crop

Crop လက်ရှည်တွေက ဘောင်းဘီအပွနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဂါဝန်လေးတွေ

ဂါဝန်ဝတ်ရတာ သဘောကျတဲ့ ပျိုမေတို့အနေနဲ့ သဘောကျတဲ့ ချစ်ဖို့ကောင်းတဲ့ ဂါဝန်တွေကလည်း ကင်မရာထဲ ကြည့်ကောင်းနေမှာပါ။

မျက်မှန်

ကင်မရာရှေ့ သိပ်မကြည့်ရဲတဲ့ သူတွေအနေနဲ့ နေကာမျက်မှန်က အသင့်တော်ဆုံး ဖြစ်မှာပါ။ သင့်စတိုင်ကိုလည်း ပိုမိုက်သွားစေမှာ မလွဲပါပဲ။

Photo Source: Pinterest

By MyStyle Myanmar