လူငယ်ကောင်မလေးတွေအတွက် အခုခေတ်စားနေတဲ့ ဖက်ရှင်လေးတွေနဲ့ အထာကျကျမိုက်နေစေမယ့် ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။ တရုတ်မလေးတွေ ဝတ်နေကျဖက်ရှင်လေးတွေလည်း ဖြစ်ပါတယ်။

တင်းနစ်စကပ်လေးတွေကို ဒီလိုဖက်ရှင်လေးဝတ်တာက Cute Type သီးသန့်မဟုတ်ပဲ အထာကျပြီးမိုက်တဲ့ ဖက်ရှင်မျိုးလေး ဖြစ်ပါတယ်။

Mini စကပ်လေးကို ဒီလိုဖက်ရှင်စတိုင်လ်လေးအတိုင်း ဝတ်တာက လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်ဆန်ပြီးမိုက်တဲ့ ဖက်ရှင်လေးပါ။

ဒီလိုစကပ်အရှည်လေးတွေကလည်း အခုနောက်ပိုင်းမှာ ပိုခေတ်စားလာမှာပါ။ ဒီမှာတွဲဝတ်ထားတာလေးဆိုရင် ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင်တော့ ဒီဖက်ရှင်စတိုင်လ်လေးက အထာကျပြီးမိုက်သလို လှလည်းလှပါတယ်။

ဒါကတော့ နောက်ထပ်အထာကျပြီးမိုက်သလို လှလည်းလှတဲ့ ဘောင်းဘီအရှည် ဖက်ရှင်စတိုင်လ်လေးပါပဲ။

အေးတဲ့နေရာမျိုးမှာဆိုရင် ဒီလိုအင်္ကျီတွေကို Leather စကပ်တွေနဲ့သာ ဒီလိုလေးတွဲဝတ်ပါ။ ဖက်ရှင်ကျပြီးမိုက်သလို လှလည်းလှပါတယ်။

နောက်ပိုင်းမှာခေတ်စားနေတဲ့ ဖက်ရှင်လေးဖြစ်သလို လူငယ်ဆန်ပြီးလှတဲ့ ဖက်ရှင်လေးလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ စကပ်လေးတွေကို ဒီလိုဖက်ရှင်လေးအတိုင်းလည်း ဝတ်လို့ရတယ်နော်။ လူငယ်ဆန်ပြီး ဖက်ရှင်ကျကျနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

စကပ်အတိုလေးကို အထာကျကျနဲ့ မိုက်ပြီး ချစ်ဖို့လည်းကောင်း၊ ဆွဲဆောင်မှုလည်းရှိအောင် ဝတ်ချင်တယ်ဆိုရင် ဒီလိုဖက်ရှင်လေးကို ရွေးချယ်ပါ။

ဒီလိုဂါဝန်အရှည်ကိုဝတ်တဲ့အခါ ဒေါက်ဖိနပ်မစီးပဲ Sneakers စီးပြီး အပေါ်ထပ်ကုတ်လေးတွေ ထပ်ဝတ်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။

Photo source:www.pinterest.com