ဖက်ရှင်ကျနေဖို့အတွက် ဈေးကြီးပေးရတဲ့ Branded တွေဝယ်ဝတ်မှ မဟုတ်ပါဘူး။ ပိုက်ဆံမဖြုန်းချင်သူများအနေနဲ့လည်း ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ အဝတ်အစားများနဲ့ ဖက်ရှင်ကျကျဝတ်ဆင်နိုင်ပါသေးတယ်။ မိမိရွေးချယ်လိုက်တဲ့ ဝတ်စုံကို ဖက်ရှင်ကျအောင် ဝတ်စားတတ်ဖို့ပဲလိုတာပါ။

မှန်ကန်တဲ့ အင်္ကျီစရွေးချယ်ကြမယ်

ပိုးထည်တွေ၊ သားရေအင်္ကျီတွေကို ဈေးကြီးပေးဝယ်မယ့်အစား လီနင်အင်္ကျီတွေ ချည်ထည်အင်္ကျီတွေကို ဝတ်ဆင်ပါ။

အဝတ်အစားအရောင်ကို မှန်ကန်စွာ ရောစပ်ပါ

ရိုးရှင်းမှုက လှပကျော့ရှင်းမှုရဲ့ အနှစ်သာရပါပဲ။ ရိုးရှင်းတဲ့ အရောင်တွေကို မှန်မှန်ကန်ကန်ပေါင်းစပ်လိုက်တဲ့အခါ ကြည့်ရတာ မျက်စိရှင်းနေမှာဖြစ်ပြီး ဝတ်ထားတဲ့သူမှာလည်း ဆွဲဆောင်မှုတိုးစေပါတယ်။

အဖြူရောင် ရှပ်အင်္ကျီများ

အဖြူရောင်အင်္ကျီက သင့်ရဲ့မိန်းကလေးဆန်မှုကို ပေါ်လွင်စေမှာဖြစ်ပြီး လူအများကြားထဲမှာလည်း ထင်းခနဲ ပေါ်လွင်နေစေမှာပါ။

ဝါညိုနုရောင်

ဝါညိုနုရောင်ကတော့ တကယ့်ကိုထူးခြားပြီး ကျက်သရေရှိတဲ့အရောင်ပါပဲ။ ဒီအရောင်လေးနဲ့ အင်္ကျီထဘီ ဝမ်းဆက်ဝတ်မယ်ဆိုရင်တော့ လှပကျော့ရှင်းနေမှာ အမှန်ပါပဲ။

ကြယ်သီးများ

အင်္ကျီကြယ်သီးအရောင်များကလည်း အင်္ကျီရဲ့အရောင်အသွေးပေါ်လွင်အောင် ထောက်ပံ့ပေးပါတယ်။

ကောင်းမွန်သော အရောင်များ

အရောင်မှိန်တဲ့အင်္ကျီများက သင့်ရဲ့ကိုယ်ရောင်ကိုယ်ဝါကိုပါ မှေးမှိန်စေပါတယ်။ ဒါ့ကြောင့် အင်္ကျီဝယ်တဲ့အခါ သေချာရွေးချယ်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။

ဘေးလွယ်အိတ်၊ လက်ကိုင်အိတ်

နာမည်ကြီးဒီဇိုင်နာတွေရဲ့အိတ်ကို ဝယ်ပြီး ပိုက်ဆံမဖြုန်းချင်တဲ့အခါ အတုတွေဝယ်ကိုင်ကြပါတယ်။ အတုတွေမဝယ်ဘဲ ဈေးသက်သက်သာသာရှိပြီး အရည်အသွေးကောင်းတဲ့ အိတ်များကလည်း သင့်ဖက်ရှင်ကို တစ်နည်းတစ်ဖုံ လှပအောင် ကူညီနိုင်ပါတယ်။

ရေမွှေးရနံ့

ဖက်ရှင်ကျတဲ့မိန်းကလေးတွေက ရေမွှေးအရမ်းဆွတ်လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ရေမွှေးရနံ့ကြောင့် အခြားသူများကို စိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ပါပဲ။

မိမိကိုယ်မိမိယုံကြည်မှုနဲ့ စိတ်ရင်းကောင်းမွန်မှု

ဂျင်းဘောင်းဘီနဲ့ တီရှပ်လေးဝတ်ပြီးတော့လည်း ဖက်ရှင်ကျနိုင်ပါတယ်။ အဓိက ကတော့ မိမိကိုယ်မိမိယုံကြည်ချက်ရှိနေဖို့ပါပဲ။ အကယ်၍ သင်က စိုးရိမ်ပူပန်ကြောင့်ကြနေမယ်၊ မိမိကိုယ်ကို ယုံကြည်ချက်ပျောက်ဆုံးနေမယ်ဆိုရင် ဈေးကြီးပေးရတဲ့ ဒီဇိုင်နာတွေရဲ့အင်္ကျီကတောင် သင့် အကြောက်တရားကို ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Source: Brightside.me