Body ပြည့်တဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။ အဝတ်အစားဝတ်တဲ့အခါ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ဝတ်ပြီး ကိုယ်နဲ့မလိုက်ဖက်ရင်လည်း ကြည့်မကောင်းပါဘူး။ အဓိကက ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ဝတ်မယ်ဆိုရင် ဘယ်လိုဖက်ရှင်မျိုး ဖြစ်နေပါစေ ကြည့်လို့လှနေတာပါပဲ။

Body ပြည့်ပြီး အရပ်ရှည်တယ်ဆိုရင် ဒီလိုဖက်ရှင်စတိုင်လ်လေးနဲ့ အရမ်းလိုက်ပါတယ်။ ဆွဲဆောင်မှုရှိပြီး လှပတဲ့ပုံစံလေးပါ။

Body ပြည့်တဲ့ကောင်မလေးတွေက Body Fit Dress တွေဝတ်ရင် အရမ်းလှပါတယ်။ ကြိုးတစ်လုံး Body Fit Dress လေးတွေကို Cardigan လေးတွေနဲ့ ဒီလိုတွဲဝတ်တာမျိုးဆိုရင် ဘယ်တော့မှရိုးမသွားပဲ လှပတဲ့ဖက်ရှင်စတိုင်လ်လေးပါ။

အပေါ်ထပ် Cardigan မဝတ်ပဲ ဒီလိုလေးဆိုလည်း ဆွဲဆောင်မှုရှိပြီး လှတာပါပဲ။ ဒီလို Dress လေးကျတော့ ဒေါက်ဖိနပ်လေးစီးတာနဲ့ ပိုလိုက်ပါတယ်။

Body ပြည့်တဲ့ကောင်မလေးတွေက Body Fit Dress အတိုလေးတွေ ရင်ဘတ်အပြဲလေးတွေ ဝတ်ရင်လည်း ပြည့်ပြည့်လေးနဲ့ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီလို Tennis Skirt အကားလေးတွေနဲ့ဆိုလည်း လိုက်တာပါပဲ။ Body ပိုပေါ်ချင်ရင် Crop Top လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

Mini Skirt လေးတွေနဲ့ဆိုပြီး ဆွဲဆောင်မှုရှိပြီးလှပါတယ်။ Body ပြည့်တဲ့ကောင်မလေးတွေက Fit ဖြစ်တာလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်နော်။

တချို့က Body ပြည့်ရင် ဘောင်းဘီအတိုနဲ့ မလိုက်ဘူးထင်တတ်ကြပါတယ်။ တကယ်တော့ သေချာလေးတွဲဖက်ဝတ်ဆင်တတ်ရင် ဘောင်းဘီအတိုနဲ့လည်း လိုက်သလို ဘောင်းဘီအရှည်နဲ့လည်း လိုက်ပါတယ်။ ဒါပေမယ့် ဘောင်းဘီအရှည်ဆိုရင် ဒီလို အောက်နား နည်းနည်းကားတာလေးတွေနဲ့ ပိုလိုက်ပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးတွေဆိုရင် Body ပြည့်တဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး ချစ်ဖို့လည်း ကောင်းပါတယ်။

Photo source:www.pinterest.com