Body သေးသေးလေးနဲ့ ပိန်ပိန်သွယ်သွယ် ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားရတာကြိုက်ရင်၊ အတိုအပြတ်လေးတွေလည်း ဝတ်ရတာကြိုက်ရင်တော့ ဒီဖက်ရှင်လေးတွေကို သဘောကျမှာပါ။

ဒီလို jean pant လေးတွေက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ Body သေးသေး၊ ခါးသေးသေးလေးတွေနဲ့ဆို အရမ်းလိုက်ဖက်တာကြောင့် ဝတ်ဖြစ်အောင်ဝတ်ကြည့်ပါ။ Top အကျပ်လေးတွေနဲ့ တွဲဝတ်ဖို့ အသင့်တော်ဆုံးပါပဲ။

ဒီလို pant လေးတွေက ဝတ်ရတာပေါ့ပါးမှုရှိပြီး ဖက်ရှင်လည်းကျပါတယ်။ Body သေးသေးလေးတွေ ဝတ်မယ်ဆိုရင် ခါးတိုလေးတွေနဲ့သာ တွဲဝတ်ပါ။ ပိုပြီး ချစ်ဖို့ကောင်းပါတယ်။

Body သေးသေးလေးတွေက mini skirt လေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ look လေးရစေပါတယ်။

Skirt အကားလေးတွေ ဝတ်မယ်ဆိုလည်း ဒီလိုအထာကျတဲ့ crop top လေးတွေနဲ့ တွဲဝတ်တာက body သေးသေးလေးတွေနဲ့ ပိုပြီးလိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် body သေးသေး၊ ခါးသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးဖြစ်ပါတယ်။

Jean pant အတိုတွေဝတ်မယ်ဆိုရင် အရမ်းကျပ်နေတာတွေထက် ဒီလိုပုံစံလေးတွေကို ရွေးဝတ်ပါ။ ပိုပြီးချစ်ဖို့ကောင်းသလို ဖက်ရှင်လည်းကျစေပါတယ်။

ဒီလိုဘောင်းဘီအပွလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ ရင်ပြတ်လေးတွေနဲ့ ဒီတိုင်းဝတ်လို့လည်းရသလို အပေါ်ထပ်လေးတွေ ထပ်ဝတ်လိုက်ရင်လည်း ဖက်ရှင်ကျစေတာပါပဲ။

Body သေးသေး၊ လူကောင်သေးသေးလေးတွေက ဂါဝန်အတို အကားလေးတွေဝတ်ရင် အရမ်းချစ်ဖို့ကောင်းပေမယ့် ကလေးဆန်တဲ့ပုံစံမျိုး ဖြစ်သွားစေပါတယ်။ ဒါကြောင့် ဂါဝန်ဝတ်မယ်ဆိုရင် body fit လေးတွေ၊ နည်းနည်း fit ဖြစ်တဲ့ ဂါဝန်လေးတွေ ဝတ်မယ်ဆိုရင် ပိုလိုက်ပါတယ်။

Body သေးသေးလေးတွေက ဂါဝန်အကားဝတ်မယ်ဆိုရင် ခါးနေရာ fit ဖြစ်တဲ့ ဂါဝန်အရှည်လေးတွေကို ရွေးဝတ်ပါ။ ပိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

Photo source:www.pinterest.com