မိုးရွာတဲ့နေ့တွေမှာဆိုရင် အရောင်အရမ်းဖျော့တာတွေဝတ်ရင် စွန်းထင်းကုန်တာမျိုး၊ အရှည်တွေဝတ်ပြန်တော့လည်း အောက်နားတွေမိုးရေစိုတာ ဗွက်ပေတာတွေ ဖြစ်တတ်ပါသေးတယ်။ ဒီလို မိုးရွာတဲ့နေ့တွေမှာဆို အဆင်ပြေအောင် ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ ဒါကြောင့် အထူးသဖြင့် လူငယ်ကောင်မလေးတွေအတွက် မိုးရွာတဲ့နေ့တွေမှာဝတ်ဖို့ ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။

မိုးရွာတဲ့နေ့မှာလည်း ဘောင်းဘီရှည်ပဲဝတ်ချင်တယ်ဆိုရင်တော့ ဒီလို အရမ်းမရှည်တဲ့ ဂျင်းဘောင်းဘီအရှည်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။

Biker Short Pant လေးတွေက မိုးရွာတဲ့နေ့တွေအတွက်တော့ ဝတ်ရတာ အရမ်းအဆင်ပြေပါတယ်။ မိုးမအေးတဲ့အခါ Tee အပွတွေနဲ့ တွဲဝတ်ပြီး မိုးအေးတဲ့နေ့မှာဆိုရင်တော့ Hoodie နဲ့ တွဲဝတ်လို့ရပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် Boots စီးတာလေးတွေက အရမ်းခေတ်စားနေတာပါ။ Boots စီးမယ်ဆိုရင် ဒီလိုဖက်ရှင်လေးက စတိုင်လ်ကျပြီး မိုက်ပါတယ်။

ဂျင်းဘောင်းဘီအတိုကို Tee အပွနဲ့ဒီလိုတွဲဝတ်ပြီး Boots လေးစီး၊ ဦးထုပ်လေး​ဆောင်းလိုက်မယ်ဆိုရင်တော့ Perfect ဖြစ်ပြီး ရိုးရှင်းတဲ့ဖက်ရှင်လေးနဲ့ အထာကျနေမှာပါ။

ဒီလိုစတိုင်လ်လေးဆိုလည်း ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး မိုးရွာတဲ့နေ့တွေအတွက်လည်း အဆင်ပြေပါတယ်။

မိုးရွာတဲ့နေ့တွေမှာ ဒီလိုကိုရီးယားစတိုင်လ်လေးလည်း ရှိုးထုတ်လို့ရပါသေးတယ်။ ဖက်ရှင်ကျကျ စတိုင်လ်ကျကျနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီမဝတ်ပဲ စကပ်အတိုလေးနဲ့ ဒီလိုဖက်ရှင်လေး ဝတ်ဆင်နိုင်ပါတယ်။ မိုးရွာတဲ့နေ့တွေအတွက်လည်း အဆင်ပြေပါတယ်။

ဂျင်းကုတ်လေးတွေက မိုးရွာတဲ့နေ့တွေမှာ ဝတ်လို့အကောင်းဆုံးပါပဲ။ ဒီဖက်ရှင်လေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဆွဲဆောင်မှုရှိပြီးလှသလို မိုးရွာတဲ့နေ့မှာလည်း ဝတ်လို့အဆင်ပြေပါတယ်။

ဘောင်းဘီအရှည်ပဲဝတ်ချင်တယ်ဆိုရင်တော့ ခြေမျက်စိအထက်ဖြစ်တဲ့ ဒီလို ဂျင်းဘောင်းဘီလေးကို အင်္ကျီလက်ရှည်လေးတွေနဲ့သာ တွဲဝတ်ပါ။

မိုးအေးတဲ့နေ့ဆိုရင် ဒီလို Hoodie လေးတွေ ထပ်ဝတ်တာမျိုးက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပ်တယ်။

ဂျင်းစကပ်အတိုကို လက်ရှည်အင်္ကျီလေးတွေနဲ့ တွဲဝတ်တာမျိုးကလည်း မိုးရွာတဲ့နေ့တွေအတွက် အဆင်ပြေပါတယ်။

Photo source:www.pinterest.com