ကိုရီးယားဖက်ရှင်ကြိုက်တဲ့ အသက် ၃၀ ကျော်အမျိုးသမီးတွေအတွက် ဖက်ရှင်စတိုင်လ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အတိုအပြတ်တွေတစ်ခုမှမပါပဲ လုံလုံခြုံခြုံနဲ့ လှပနေစေမယ့် ကိုရီးယားဖက်ရှင်လေးတွေဖြစ်လို့ အတိုမဝတ်တဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေသလို၊ အပြင်သွားတဲ့အခါ Date တဲ့အခါ၊ ရုံးတက်တဲ့အခါမှာ ဝတ်မယ်ဆိုလည်း အဆင်ပြေတယ်နော်။

ဒီဖက်ရှင်လေးဆိုရင် ရှင်းရှင်းလေးနဲ့ စမတ်ကျပြီးလှနေမယ့် ကိုရီးယားဖက်ရှင်လေးပါ။ ရုံးတက်ရင်လည်း ဝတ်လို့ကောင်းတဲ့ ဖက်ရှင်လေးပါ။

ဒီဖက်ရှင်ကတော့ ကိုရီးယားမလေးတွေ ပေါ့ပေါ့ပါးပါးဝတ်လေ့ရှိတဲ့ ဖက်ရှင်လေးပါ။ ထသွားထလာ လွတ်လပ်ပေါ့ပါးမှုရှိအောင် ဝတ်မယ်ဆိုရင် ဒီဖက်ရှင်လေးကို ရွေးချယ်လိုက်နော်။

အခုနောက်ပိုင်းမှာ စကပ်အရှည်တွေဝတ်တာက ခေတ်စားနေတာဆိုတော့ ဒီဖက်ရှင်လေးဆိုလည်း တည်ငြိမ်ပြီးလှနေမှာပါ။ ကိုရီးယားမလေးတွေ အမြဲဝတ်လေ့ရှိတဲ့ ဖက်ရှင်လည်းဖြစ်ပါတယ်။

ဂျင်းဘောင်းဘီကို အောက်နားကားတဲ့စတိုင်လ်မျိုးတွေ ဝတ်မယ်ဆိုရင် ကိုရီးယားမလေးတွေဝတ်တဲ့ ဒီဖက်ရှင်စတိုင်လ်လေးကို ဝတ်ကြည့်ပါ။ စမတ်ကျပြီးလှပနေပါလိမ့်မယ်။

ဒါကတော့ ကိုရီးယားမလေးတွေ အမြဲဝတ်တဲ့ဖက်ရှင်လေးပါ။ အသက် ၃၀ ကျော်တွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအကြပ်လေးတွေဝတ်တဲ့အခါ ဒီကိုရီးယားဖက်ရှင်လေးအတိုင်းလည်း ဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ကိုရီးယားကားတွေထဲမှာ ကိုရီးယားမလေးတွေ အမြဲဝတ်တဲ့ ဖက်ရှင်လေးပါ။ အသက် ၃၀ ကျော်တွေနဲ့ အရမ်းလိုက်ဖက်ပြီး တည်တည်ငြိမ်ငြိမ်လေးနဲ့ လှနေစေပါတယ်။

စတိုင်လ်ကျကျ၊ စမတ်ကျကျနဲ့ လှပနေတာမျိုးလေး ဝတ်မယ်ဆိုရင်တော့ ဒီကိုရီးယားဖက်ရှင်လေးကိုသာ ရွေးချယ်လိုက်တော့နော်။

ဒီဖက်ရှင်လေးကလည်း ကိုရီးယားမလေးတွေ အမြဲဝတ်ပါတယ်။ ခရီးသွားတဲ့အခါ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်မျိုးဖြစ်ပါတယ်။

Cardigan တွေကို အပေါ်ထပ်အနေနဲ့မဝတ်ပဲ ကြယ်သီးအကုန်တပ်ဝတ်ပြီး ဒီလို ခြေမျက်စိအထက် ဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်တာက ရိုးရှင်းလှပတဲ့ ကိုရီးယားဖက်ရှင်လေးပါ။