အသက် ၂၀ ကျော်လာတဲ့မိန်းကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေထဲကနေကွဲထွက်တာမျိုးကို ပြောင်းလဲ ဝတ်ဆင်သင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ချစ်စရာကောင်းတာလေးတွေနဲ့ လိုက်ဖက်ပေမယ့်လည်း အသက် ၂၀ ကျော်လာတဲ့အခါမှာတော့ ချစ်စရာကောင်းနေဖို့ထက် ဖက်ရှင်ကျနေဖို့က ပိုအရေးကြီးပါတယ်။
ဒါကြောင့် အသက် ၂၀ ကျော်တဲ့မိန်းကလေးတိုင်း ကိုင်ဆောင်ထားသင့်တဲ့ ဖက်ရှင်သော့ချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။
Black Blazer
အသက် ၂၀ ကျော်ပြီဖြစ်တဲ့ မိန်းကလေးတွေအများစုဟာ လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့အတွက် Classic ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိနေစေမယ့် အနက်ရောင် Blazer တစ်ထည်တော့ ရှိထားသင့်ပါတယ်။ အနက်ရောင် Blazer တွေက စတိုင်လ်ကျတဲ့ ဘောင်းဘီတွေနဲ့တွဲဝတ်လိုက်ရင် အရမ်းဆွဲဆောင်မှုရှိပြီး ထက်မြက်တဲ့အသွင်ကို ဆောင်စေပါတယ်။
Little Black Dress
အသက် ၂၀ ကျော်သူတွေမှာတော့ အနက်ရောင်ဂါဝန်တိုလေးတစ်ထည်လည်း ရှိထားသင့်ပါတယ်။ သူက သင့်ကိုပိုနုပျိုပြီး လှပစေသလို ဆွဲဆောင်မှုလည်းရှိစေပါတယ်။ ပွဲတွေသွားတဲ့အခါမျိုးမှာတော့ ဒီလို Little Black Dress လေးကိုဝတ်ဆင်သွားဖို့ အသင့်တော်ဆုံးပါပဲ။
A White T-shirt
ရိုးရှင်းတဲ့ အဖြူရောင်တီရှပ်လေးတစ်ထည်လည်း ရှိထားသင့်ပါတယ်။ ဆယ်ကျော်အရွယ်မှာတော့ အဖြူရောင်တီရှပ်လေးကိုဝတ်ဆင်တဲ့အခါမှာ ချစ်စရာကောင်းတဲ့စကပ်လေးတွေ၊ ဘောင်းဘီတိုလေးတွေနဲ့ ဝတ်ဆင်ကြပါတယ်။ အသက် ၂၀ ကျော်လာတဲ့အခါမှာတော့ ချစ်စရာကောင်းတာတွေထက် ဖက်ရှင်ကျတဲ့ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
Black Leather Jacket
စတိုင်လ်ကျပြီးမိုက်နေစေဖို့ အသက် ၂၀ ကျော်မိန်းကလေးတွေမှာ အနက်ရောင် Leather Jacket လေးလည်း ရှိထားသင့်ပါတယ်။ ဒီကရာသီဥတုနဲ့မလိုက်ဖက်တောင် ခရီးသွားတဲ့အခါမျိုးမှာတော့ ဖက်ရှင်ကျနေစေဖို့ ဒီလိုတစ်ထည်ကတော့ ဆောင်ထားသင့်ပါတယ်။
Scarf
အသက် ၂၀ ကျော်တဲ့မိန်းကလေးတွေဆီမှာ လှပတဲ့ပုဝါလေးတွေလည်း ရှိထားသင့်ပါတယ်။ ပုဝါပတ်တဲ့ဖက်ရှင်လေးက တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိစေပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာလည်း ပုဝါလေးတွေကို စတိုင်လ်လုပ်ပြီးပတ်တာမျိုးလေးတွေက တကယ်ကိုဆွဲဆောင်မှုရှိစေပါတယ်။
Featured Image Source: Fashion Nova